Connect with us

WORLD

ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံကို COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ထောက်ပံ့မည်

ရုရှားနိုင်ငံ မော်စကိုမြို့တွင် “Sputnik V” ဟု အမည်ပေးထားသော COVID-19 ကာကွယ်ဆေးသစ်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံပိုင် ရန်ပုံငွေအဖွဲ့ဖြစ်သော (Sovereign wealth fund) က အိန္ဒိယဆေးကုမ္ပဏီကို COVID-19 ကာကွယ်ဆေး “Sputnik V”  သန်း၁၀၀ ထောက်ပံ့ရန် Dr. Reddy’s Laboratories လီမိတက် နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။ 

“အိန္ဒိယနိုင်ငံရဲ့ ကြီးကြပ်ရေးအာဏာပိုင်တွေက ကာကွယ်ဆေးကို အောင်မြင်တဲ့ စမ်းသပ်မှုများနှင့် မှတ်ပုံတင်ခြင်းကိစ္စ လုပ်ဆောင်ရန် ကာကွယ်ဆေးများကို ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာ ကာကွယ်ဆေး စတင်ပေးပို့ရန် အလားအလာရှိတယ်” ဟု ရုရှားနိုင်ငံ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ကြေညာချက်၌ ပြောကြားထားသည်။

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက Gamaleya ကူးစက်ရောဂါဗေဒနှင့် အဏုဇီဝဗေဒဆိုင်ရာ အမျိုးသားသုတေသနအင်စတီကျူ့ “Sputnik V” ကာကွယ်ဆေးကို သြဂုတ် ၁၁ ရက်နေ့က မှတ်ပုံတင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး မှတ်ပုံတင်ထားသည့် COVID-19 ကာကွယ်ဆေးလည်း ဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.