ဘဂ္ဂဒတ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ အရှေ့ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင် ၁၉ ရက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦးသေဆုံးပြီး အခြား ၆၆ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီရတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်က ဆိုသည်။
ဘဂ္ဂဒက်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံတောင်ပိုင်း Dhi Qar ပြည်နယ်ရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံတစ်ခုတွင် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားသည့် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် သေဆုံးသူ (၉၂)ဦးအထိ မြင့်တက်လာကြောင်း အီရတ်နိုင်ငံပိုင်သတင်းအေဂျင်စီ (INA)က ဇူလိုင် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ဘဂ္ဂဒက် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံသည် ဇွန် ၅ ရက်က နယ်စပ်ဖြတ်ကျော်၍ အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုအား ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ယင်းစခန်းအတွင်းရှိ အနည်းဆုံး လူ ၃ ဦး သေဆုံးသွားခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိကြောင်း အီရတ်နိုင်ငံ နိုင်ငံရေးပါတီတစ်ခုမှ အရာရှိတစ်ဦး က...
ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။
ဘဂ္ဂဒတ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ်လူနာကုသပေးသော ဆေးရုံတစ်ရုံတွင် မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းအရင်းအမြစ်များက ဆင်ဟွာသို့ ယနေ့ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊မတ် ၂၂ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံအမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(INIS) မှ အဆင့်မြင့်အရာရှိတစ်ဦးကို ဘဂ္ဂဒတ်မြို့တော်၌ မတ် ၂၁ ရက်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဆိုသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော အကူအညီပစ္စည်းများကို ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန် အီရတ်နိုင်ငံသို့ မတ် ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။
ဘဂ္ဂဒက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရေးတိုးမြှင့်ရန် တရုတ်နိုင်ငံ၏ ကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများသည် ဘဂ္ဂဒတ်မြို့သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ သည် ဧပြီလ ၈ ရက် ညပိုင်း အချိန်တွင်...