ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရတ်နိုင်ငံဝန်ကြီးချုပ် Adel Abdul Mahdi ထံ ဒီဇင်ဘာ ၃၁ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။
ဘဂ္ဂဒတ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်အအပါအဝင် အခြားသောမြို့များ၌ အောက်တိုဘာ ၂၄ ရက်က ဒေါသထွက်နေသည့် အီရတ်နိုင်ငံသားများစွာက အစိုးရဆန့်ကျင်ဆန္ဒပြမှုအသစ် ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ပြီး ၂,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့တော် နှင့် အခြားမြို့ကြီးများတွင် ဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၁၀၄ ဉီးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆,၀၀၀ ကျော်အထိ မြင့်တက်သွားပြီဖြစ်ကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက အောက်တိုဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Green Zoneရှိ အမေရိကန်သံရုံးအနီးတွင် စက်တင်ဘာ ၂၃ ရက် ညပိုင်းက လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အီရတ်လုံခြုံရေး အရာရှိတစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
တီဟီရန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) က ပင်လယ်ကွေ့၌ လောင်စာဆီများ “မှောင်ခို” သယ်ဆောင်သည်ဟုဆိုကာ အီရတ်ဆီတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက သြဂုတ် ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဘဂ္ဂဒက်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) လွန်ခဲ့သောရက်များက အီရတ်တွင် ဖြစ်ပွားခဲ့သော တူရကီ သံတမန်အရာရှိ တိုက်ခိုက်ခံရမှုတွင် အဓိက သံသယရှိသူ တစ်ဦးကို ဇူလိုင် ၂၀ ရက်က အီရတ်နိုင်ငံ Kurdistanဒေသ Erbilမြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းဒေသ အစိုးရက ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ အရှေ့ပိုင်း Wasit ပြည်နယ် Kut မြို့၌ ကလိုရင်း ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားရာမှ လူ ၉၀ ဦး အသက်ရှုကြပ်ဒဏ် ခံစားရခဲ့ရကြောင်း အီရတ် ကျန်းမာရေး ဝန်ကြီးက မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Iraj Masjedi က အီရတ်တွင် IS စစ်သွေးကြွများအား နှိမ်နှင်းပြီးနောက် အီရန်စစ်ဘက်ဆိုင်ရာ အကြံပေးအရာရှိအားလုံးသည် အီရတ်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း Tehran Times နေ့စဉ်သတင်းစာက ဒီဇင်ဘာ ၂၉ ရက်တွင်ဖော်ပြခဲ့သည်။
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၌ ရက်ပေါင်းအတော်ကြာဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းဖြစ်ပွားရာမှ လူ ၁၅ ဦးသေဆုံးပြီး ၁၉ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။