ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ခံရသည့် လူနာ ၇၆ ဦး သည် ပြန်လည် ကျန်းမာလာ၍ တရုတ်နိုင်ငံပြည်မကြီးရှိ ဆေးရုံများ မှ ဧပြီ၁၅ ရက်တွင် ဆင်းခွင့်ရသွားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆိုးလ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြား ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ သမ္မတ မွန်ဂျေအင် (Moon Jae-in) ၏ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ကြောင်း သိရသည်။
ရင်ချွမ်း ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ တစ်ဖွဲ့အား ဆော်ဒီအာရေဗျနိုင်ငံသို့ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှုအား ဆန့်ကျင်တိုက်ဖျက်ရာတွင် ကူညီရန် စေလွှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအား ယနေ့ ဧပြီ ၁၆ ရက် နံနက် ၁၀နာရီသတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦးထံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း လူနာ အရေအတွက် ၈၅ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်...
ဆိုးလ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားနေသည့်ကြားမှ ဧပြီ ၁၅ ရက်တွင် ကျင်းပသော ပါလီမန်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များက မဲရုံများသို့သွားရောက်ကာ ဆန္ဒမဲပေးခဲ့ကြကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင် အဆိုအရ သိရသည်။
ဘရာဇီးလီးယား၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အသက် ၉၉ နှစ်အရွယ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား ဒုတိယကမ္ဘာစစ်ပြန်ကြီး တစ်ဦးသည် COVID-19 ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ဘရာဇီးလီးယားမြို့ရှိ စစ်ဆေးရုံမှ ဧပြီ ၁၄ ရက်က ဆင်းခွင့်ရခဲ့ပါသည်။
ဝူဟန့်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းလာသဖြင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော်ဝူဟန့်တွင် ယာယီဆေးရုံတစ်ရုံဖြစ်သော လေးဆန်ဆန်းဆေးရုံ၏ လုပ်ငန်းတာဝန်များ ဧပြီ ၁၅ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံများ၌ သောင်တင်နေသော တရုတ်နိုင်ငံသား ၂,၇၄၄ ဦးကို ပြန်လည်ခေါ်ဆောင်ရန် စင်းလုံးဌား လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း နိုင်ငံ၏ မြို့ပြလေကြောင်း ထိပ်တန်းအရာရှိများက ယနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရေးတွင် ကာဂျစ္စတန်နိုင်ငံနှင့် အတူတကွ ရပ်တည်သွားမည်ဖြစ်ပြီး တတ်စွမ်းနိုင်သရွေ့အကူအညီအထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ဧပြီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
နယူးယောက်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူအရေအတွက်မှာ ဧပြီ ၁၄ ရက် ညနေပိုင်း၌ ၆၀၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။