Connect with us

CHINA

COVID-19 လူနာ ၇၆ ဦး ပြန်လည်ကျန်းမာ၍ တရုတ်နိုင်ငံပြည်မကြီးရှိ ဆေးရုံများမှဆင်းခွင့်ရ 

ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကူးစက်ခံရသည့် လူနာ ၇၆ ဦး သည် ပြန်လည် ကျန်းမာလာ၍ တရုတ်နိုင်ငံပြည်မကြီးရှိ ဆေးရုံများ မှ ဧပြီ၁၅ ရက်တွင် ဆင်းခွင့်ရသွားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ဧပြီ ၁၅ ရက် ည အထိ တစ်နိုင်ငံလုံးတွင် စုစုပေါင်း COVID-19 လူနာ ၇၇,၈၉၂ ယောက်မှာ ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းပြီးဖြစ်ကြောင်း ၎င်းကော်မရှင် ၏ ဧပြီ ၁၆ ရက် နေ့စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဧပြီ ၁၅ ရက်အထိ  COVID-19 ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာပေါင်း  ၈၂,၃၄၁ ဦး ရှိပြီး၊ လူ ၃,၃၄၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။  (Xinhua)