Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ၆၀၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ဆို

နယူးယောက်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူအရေအတွက်မှာ ဧပြီ ၁၄ ရက် ညနေပိုင်း၌ ၆၀၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။

အမေရိကန်နိုင်ငံတွင် ဒေသစံတော်ချိန် ည ၆:၅၀ နာရီအထိ ရောဂါဖြစ်ပွားသူ ၆၀၂,၉၈၉ ဦးရှိပြီး သေဆုံးသူ ၂၅,၅၇၅ ဦးရှိခဲ့ကြောင်း CSSE က ဆိုသည်။

ရေတွက်မှုများအရ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော နယူးယောက်တွင် ရောဂါကူးစက်ခံရသူ အရေအတွက် ၂၀၂,၆၃၀ ဦးနှင့် သေဆုံးသူ ၁၀,၈၃၄ ဦးရှိခဲ့ပြီး နယူးဂျာစီပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၆၈,၈၂၄ ဦးနှင့် သေဆုံးသူ ၂,၈၀၅ ဦးရှိခဲ့သည်။ မက်ဆာချူးဆက်၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယား၊ ကယ်လီဖိုးနီးယား၊ အီလီနွိုက်နှင့် လူဝီစီယားနား စသည့် ပြည်နယ်များတွင် ရောဂါဖြစ်ပွားသူ ၂၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။  (Xinhua)