ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိကြောင်း၊(၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရသောကြောင့် ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး...
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၂ ရက်) နံနက်ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့သော ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၄၃၅)...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အရေးကြီးကုန်စည်တွင် ပါဝင်သည့် နှာခေါင်းစည်း (Mask) များအား တင်သွင်း၊ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူကျန်းမာရေးကိုရှေးရှု၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြပါရန် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) က သြဂုတ် ၂၁...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ (သြဂုတ် ၂၁ ရက်) ညပိုင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၄၁၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ဘဏ္ဍာရန်ပုံငွေများကို ဆက်လက်သုံးစွဲသွားဦးမည်ဖြစ်ရာ G-20 နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှု အစီ အစဉ်မှ ထွက်ပေါ်လာမည့် ကျပ် ၈၀ ဘီလီယံကျော်ကိုလည်း ထိုအတွက် လာမည့်...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် နေ့စဉ် ည ၉ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရန်အမိန့် ၂ လ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ယနေ့သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေး (inactivated vaccine) သည် ပီရူးနိုင်ငံတွင် လက်တွေ့စမ်းသပ်မှု တတိယအဆင့် စတင်နေပြီဖြစ်ကြောင်း Sinopharm ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ကာကွယ်ဆေးထုတ်လုပ်သူ China National Biotec Group (CNBG) က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းများကို ယနေ့မှစ၍ ယာယီပိတ်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ယနေ့ ဆင်ဟွာသို့ ပြောသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၁ ရက်) နံနက်ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၄၀၉) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှသိရသည်။
ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ယင်းမြို့ရှိ ပြည်သူများအား ယနေ့(သြဂုတ် ၂၀) ည ၈နာရီမှစတင်ပြီး နေအိမ်တွင်နေထိုင်ရေး(stay at home) သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။