Connect with us

MYANMAR

COVID-19 အတည်ပြုလူနာနှင့်ထိတွေ့မှု မှ COVID-19 လူနာသစ် ၁၆ ဦးထပ်မံတွေ့ရှိ၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာပေါင်း ၄၃၅ ဦးအထိရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့် ဘတ်စ်ကားစီးနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၂ ရက်) နံနက်ထုတ်ပြန်ချက်အရ  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ရခိုင်ပြည်နယ်  စစ်တွေမြို့မှ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့သော ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၄၃၅) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှသိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်။ လိုအပ်လို့ Stay at Home ထုတ်ပြန်ထားရင် သေချာ လိုက်နာပေးဖို့ တိုက်တွန်းချင်တယ်။ တစ်ခြားမြို့မှာ နေသူတွေ ကလည်း မလိုအပ်ပဲ အပြင်မထွက်ပါနဲ့၊ နှာခေါင်းစည်းတပ်ပါ။ လက်မကြာခဏဆေးပါ’’ ဟုတိုက်တွန်းပြောကြားသည်။ 

ယနေ့ COVID-19 ကူးစက်ခံရသူ ၁၆ ဦးစလုံးသည် ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း၊ COVID-19 ရောဂါအတည်ပြုလူနာများနှင့်ထိတွေ့မှုရှိကြောင်း နှင့်  ပြည်ပသို့ခရီးသွားရာဇဝင်မရှိကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် သြဂုတ် ၂၁ရက် အထိ (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၃၇) ဦး ရှိကြောင်း၊ ၎င်းတို့အနက် (၃၃၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် COVID-19 ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117