Connect with us

MYANMAR

စစ်တွေမြို့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိ၊ရောဂါပိုးရှိသူ ၄၁၉ ဦးထိရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများတပ်ဆင် သွားလာစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ (သြဂုတ် ၂၁ ရက်) ညပိုင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၄၁၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ ၁၀ ဦးတွင် ၅ ဦးသည် နိုင်ငံခြားခရီးသွားလာမှုမရှိသော်လည်း ရောဂါပိုးရှိသူနှင့် ထိတွေ့ထားသူများဖြစ်ပြီး ကျန် ၅ ဦးသည် ရောဂါပိုးရှိသူများနှင့်လည်း ထိတွေ့ထားခြင်းမရှိသလို နိုင်ငံခြားသို့ခရီးသွားလာမှုလည်း မရှိကြောင်း သိရသည်။

ယင်းရောဂါပိုးတွေ့ရှိသူ (၁၀) ဦးတွင် ၆ ဦးသည် စောင့်ကြည့်လူနာဖြစ်ပြီး ၄ ဦးသည် စစ်တွေမြို့တွင် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ခွဲနမူနာ စုစုပေါင်း (၉၆၄) ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ အထက်ပါ ၁၀ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case- 241, 260, 288 နှင့် 310) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၃၇) ဦး ရှိကြောင်း၊ ၎င်းတို့အနက် (၃၃၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။                             

သြဂုတ် ၂၀ ရက် နေ့လည် ၁၂ နာရီမှ ၂၁ ရက် နေ့လည် ၁၂ နာရီအတွင်း  တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၅) ဦးရှိကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117