Connect with us

MYANMAR

COVID-19 ကြောင့် ရခိုင်ပြည်နယ်ရှိ အထက်တန်းကျောင်းများကို ယာယီပိတ်

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကိုကာကွယ်နိုင်ရန် ရန်ကုန်မြို့အတွင်းနှာခေါင်းစည်းများ တပ်ဆင်သွားလာနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းများကို ယနေ့မှစ၍ ယာယီပိတ်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ယနေ့ ဆင်ဟွာသို့ ပြောသည်။

အဆိုပါ ကျောင်းများပိတ်ထားမှုနှင့် ပတ်သက်ပြီး  သြဂုတ် ၂၁ ရက် ညနေပိုင်း၌ မြို့နယ်ပညာရေးဦးစီးမှူးများနှင့် onlineမှ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

” ကျောင်းတွေ လွှတ်တော်တွေ ကိစ္စ အသေးစိတ်ညနေပိုင်းမှ သိရမယ်၊ ရေ၊ လေ၊ ကုန်းကဝင်လာတဲ့လူတွေ ကွာရတင်း Quarantine ဝင်မယ့်ကိစ္စတွေလည်း စီစဉ်နေတယ်”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 ရခိုင်ပြည်နယ်၌ ကျောင်းပေါင်း ၄၀၀ ကျာ်ရှိပြီး အထက်တန်းကျောင်းသား/ကျောင်းသူ သုံးသောင်းခွဲကျော်ရှိကြောင်း သိရသည်။

 စစ်တွေမြို့နယ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ များ  တွေ့ရှိလာသဖြင့် သြဂုတ် ၂၀ ရက် ည(၈) နာရီမှစ၍  နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်လိုက်ကြောင်း သိရသည်။  (Xinhua)