ဂျကာတာ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သည့်ရက်များက ဖြစ်ပွားခဲ့သည့် Sriwijaya Air လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုတွင် ပါဝင်သွားသူ ၄ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ သဘာဝဘေးဆုံးရှုံးနစ်နာသူများအား ခွဲခြားသိရှိနိုင်ရေး (DVI) အဖွဲ့က မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားနိုင်ခဲ့ကြောင်း သိရသည်။

ဂျကာတာ ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အင်ဒိုနီးရှားနိုင်ငံ သမ္မတဂျိုကိုဝီဒိုဒိုသည် ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဂျကာတာရှိ သမ္မတအိမ်တော် ၌ တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီ မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီး ၎င်းသည် အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူသူဖြစ်လာခဲ့ ကြောင်းသိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးမှသည် COVID-19 ကပ်ရောဂါ ပူးတွဲတိုက်ဖျက်ရေးအထိ ကိစ္စရပ်များစွာအပေါ် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

ဂျကာတာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး (SAR) အဖွဲ့က ရှာဖွေရေး တတိယမြောက်နေ့တွင် Sriwijaya Air လေကြောင်းလိုင်းမှ လေယာဉ်အပျက်အစီးများနှင့် သေဆုံးသူများကို ရှာဖွေရန် ရေတပ်သင်္ဘောများစွာဖြင့် ရှာဖွေရေးဧရိယာတိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ကမ္ဘောဒီးယားနိုင်ငံ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက ရပ်ရွာလူထုအတွင်း ပထမဆုံးအကြိမ် COVID-19 ဖြစ်ပွားမှု ပြီးဆုံးသွားပြီးနောက် နိုင်ငံတစ်ဝန်းရှိ အစိုးရကျောင်းများ ဇန်နဝါရီ ၁၁ ရက်၌ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။

ဂျကာတာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်၌ COVID-19 ကာကွယ်ဆေးထိုးနှံရန် စတင်စီစဉ် ဆောင်ရွက်မည်ဖြစ်သောကြောင့် အစားအစာနှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ BPOM က Sinovac ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျကာတာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးသမားများက Sriwijaya Air လေကြောင်းကုမ္ပဏီမှ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ ရုပ်အလောင်းအချို့ကို ဆယ်ယူထားပြီးဖြစ်ကြောင်း ၊ ယင်းရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးမှု ပြုလုပ်ရန် အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ပြုံယမ်း၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်အား အာဏာရ မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ၈ ကြိမ်မြောက်ပါတီညီလာခံတွင် ပါတီ၏အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း KCNA သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက် သတင်းဖော်ပြခဲ့သည်။

ဂျကာတာ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ခရီးသည် (၆၂) ဦးလိုက်ပါသွားသည့် အင်ဒိုနီးရှားလေကြောင်းလိုင်း ဘိုးရင်း ၇၃၇-၅၀၀ သည် စနေနေ့ မွန်းလွဲပိုင်းက လေကြောင်းထိန်းချုပ်ရေးနှင့်အဆက်အသွယ်ပြတ်တောက်၍ ပျက်ကျသွားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadiက အတည်ပြုပြောကြားခဲ့သည်။

ဂျကာတာ၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗားပြည်နယ်၌ ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် မြေပြိုမှုတစ်ခုဖြစ်ပွားရာ လူပေါင်း ၁၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် အခြား လူ ၁၄ ဦးမှာလည်း ရွှံ့ညွန်များအောက်တွင် ပိတ်မိနေသည်ဟု ယုံကြည်ယူဆရကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲကဆိုသည်။

အဆိုပါ မြေပြိုမှုသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့(BPBD) အကြီးအကဲ Budi Budiman က ဆင်ဟွာသို့ပြောကြားခဲ့သည်။

“ ဒီမြေပြိုမှုဟာ မြေသားတွေပျော့ပြောင်း မခိုင်မာမှု အနေအထားကြောင်း ဖြစ်ရတာပါ ” ဟု ၎င်းက ဆိုသည်။ မြေပြိုမှုကြောင့် လူနေအိမ် စုစုပေါင်း ၁၄ လုံးပျက်စီးသွားခဲ့ရကြောင်း နှင့် လူ ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ယင်းတို့အနက် အချို့ကို ကျေးရွာဆေးပေးခန်းသို့ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ပြုလုပ်ပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူများအား ယနေ့ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းအထိ ဆက်လက်ရှာဖွေနေကြောင်း နှင့် စက်ယန္တရားကြီး သုံးခုကို အသုံးပြု၍ ကယ်ဆယ်ရေးဝန်ထမ်း ၅၀၀ ကျော်ဖြင့် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

----------------------------------------
(English Version)

Urgent: 11 killed, 14 missing as landslides hit Indonesia's West Java
JAKARTA, Jan. 10 (Xinhua) -- Eleven people were killed, 17 injuried and 14 others were believed to be buried under the mud as landslides struck Indonesia's West Java province on Saturday night, the head of Emergency Unit of Provincial Disaster Management Agency told Xinhua on Sunday.

Rescuers evacuate a body at a house after landslides struck at Sinaresmi village in Suka Bumi district, West Java, Indonesia, Jan. 1, 2019.
The landslides took place at 7:30 p.m. local time, head of Emergency Unit of Provincial Disaster Management Agency (BPBD) Budiman told Xinhua. Budiman said.
"This is because the condition of the soils on the scene is unstable," he added.

A total of 14 houses were destroyed by the landslides, leaving 17 people injured, some of whom were being treated at the health clinic in the village, Budiman added.
As search for the missing people resumed on Sunday morning, three heavy machinery equipment were deployed with over 500 rescuers involved in the operation. Enditem