23
Fri, Aug
522 New Articles

ပြုံယမ်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) 

 

အသစ်တိုးတက်လာသော ထိန်းချုပ်ပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်အား စမ်းသပ်ပစ်ခတ်ရန် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un)က ဇူလိုင် ၃၁ ရက်တွင် ညွှန်ကြားခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းဌာန (KCNA) က သြဂုတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။ 

ဘန်ကောက်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဇူလိုင်လ ၃၁ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။

ဘန်ကောက်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများက နီးကပ်သောဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်းရန် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဇူလိုင်လ ၃၁ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။

ဆိုးလ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ကမ်းရိုးတန်းတွင် တာတိုပစ်ဒုံးကျည် ၂ စင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇူလိုင်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ရာဝါပင်ဒီ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီပြည်နယ် ၏ အရှေ့ဘက် လူနေဧရိယာတွင် ဇူလိုင်၃၀ ရက် နံနက်ဘက်၌ ပါကစ္စတန်စစ်တပ်၏ လေ့ကျင့်ရေးလေယာဉ်တစ်စီးပျက်ကျမှုတွင် အနည်းဆုံးလူ ၁၂ ဦး သေဆုံးခဲ့ပြီး အခြား၁၀ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ဗကြာင်း ဒေသခံမီဒီယာ နှင့် စစ်တပ်ကဆိုသည်။ 

ဖနွမ်းပင် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ဂျီးရီးယား နိုင်ငံသား ၃ ဦးအား မီသာဖက်တမင်း(methamphetamine) အခဲ ကီလိုဂရမ် ၂၀ ကျော် သယ်ဆောင်လာသည်ဟု သံသယ ရှိကာ ဖနွမ်းပင်မြို့ ၌ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံ ရဲတပ်ဖွဲ့ က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျာကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ Bangka Belitung ပြည်နယ်တွင် ခဲမဖြူသတ္တုတွင်းပြိုကျမှုဖြစ်ပွားပြီးနောက် တစ်ဦးထက်ပိုသော ရုပ်လောင်းများကို ဇူလိုင် ၂၈ ရက်တွင် ထုတ်ယူနိုင်ခဲ့ကာ ၎င်းဖြစ်စဉ်တွင် အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအေဂျင်စီက တရားဝင်ပြောကြားခဲ့သည်။

ကဘူးလ် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ မြို့ တော် ကဘူးလ်၌ ဇူလိုင် ၂၈ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီး Wahidullah Mayar ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

မော်စကို ၊ ဇူလိုင် ၂၈  ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့လယ်ခေါင်၌ ဇူလိုင် ၂၇ ရက်တွင် လူတစ်စုက ခွင့်ပြုချက်မဲ့ စုဝေးလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ ယင်းလှုပ်ရှားမှုတွင် ပါဝင်သူ လူပေါင်း ၂၉၅ ဦးအား အများပြည်သူအား နှောက်ယှက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်စကိုမြို့ပြည်ထဲရေးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။ 

စင်ကာပူ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့ တို့ ပူးပေါင်း၍ စင်ကာပူနိုင်ငံ ဂျူရွန်း(Jurong) အခြေစိုက်စခန်းတွင် မြို့ ပြဒေသ ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။