11
Wed, Dec
485 New Articles

ဘန်ကောက်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) သည် အိတ်ချ်တီအမ်အက်စ် ဘူမိဘော အဒူလျာဒတ် (HTMS Bhumibol Adulyadej) ဟု အမည်ပေးထားသည့် အသစ်တည်ဆောက်ထားသော ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းအား အောက်တိုဘာ ၁၆ ရက်တွင် အခမ်းအနားဖြင့် ရေချခဲ့ကြောင်း သိရသည်။

မနီလာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း(Mindanao) အနီးတစ်ဝိုက်တွင် အောက်တိုဘာ ၁၆ ရက် ညပိုင်းက ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်စဉ် အဆောက်အဉီနံရံပြိုကျပြီး ပိမိရာမှ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဉီး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဉီးက ဆိုသည်။

ဘေရွတ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်၏ အရှေ့တောင်ဘက်ရှိ Chouf တောင်တန်းဒေသတွင် အောက်တိုဘာ ၁၄ ရက် က တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဘာလင် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဂျာမဏီနိုင်ငံ၏ မြို့တော် ဘာလင်တွင် အောက်တိုဘာ ၁၄ ရက် က တရုတ် - ဂျာမန် သိပ္ပံနှင့်နည်းပညာဆန်း သစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ကျင်းပခဲ့ကြောင်းသိရသည်။

ခတ္တမန္ဒူ ၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ နီပေါနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး က အောက်တိုဘာလ ၁၃ ရက်တွင်ပြီးဆုံးခဲ့ပြီဖြစ်သည်။အဆိုပါချစ်ကြည်ရေးခရီးစဉ်က နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံမှုများကို စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ဆိုရပေမည်။

ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနက နိုဝင်ဘာလတွင် အသစ်တည်ထောင်မည့် “သတင်းတု တုန့်ပြန်ရေးစင်တာ” အား အစိုးရအရာရှိ ၄၀ ဦးက လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကြေညာလိုက်သည်။

နယူးဒေလီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်တာ ပရာဒက်ရှ်ပြည်နယ်၊ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦးသေဆုံးခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၁၄ရက်သတင်းများတွင် ဖော်ပြခဲ့သည်။ 

ဒါကာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှ အရှေ့တောင်ဘက် ၂၉၂ ကီလိုမီတာအကွာ ၊ ကော့ဘဇားခရိုင်(Cox’s) အတွင်းရှိ Nidania AD သေနတ်ပစ်ကွင်း၌ အောက်တိုဘာ၁၃ ရက်တွင် အော်လီကွန်(Oerlikon) လေယာဉ်ပစ်အမြောက် (လေကြောင်းရန်ကာကွယ်ရေးလက်နက်)ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဂျကာတာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) 

အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေကျွန်း၌ လှို့ဝှက် တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသည့် စစ်သွေးကြွ နှစ်ဦးအား အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ 

ခတ္တမန္ဒူ ၊ အောက်တိုဘာလ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နီပေါနိုင်ငံကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ရှာ ဗဟာဒူး ဒူဘာ(Sher Bahadur Deuba)အား အောက်တိုဘာလ ၁၂ ရက်ကလက်ခံတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံ ဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တရုတ် နိုင်ငံံအနေဖြင့်အဆင်သင့်ရှိကြောင်းပြောကြားခဲ့သည်။