ဝယ်လင်တန်၊ နိုဝင်ဘာ ၁၄ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ တွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၄ရက် နေ့ အစောပိုင်း က လူသေဆုံးမှု ဖြစ်ပွားစေခဲ့သည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် ခရီးသွားမြို့ဖြစ်သည့် Kaikoura မြို့ နှင့် အနီး ရှိ ဧရိယာများ ၌ အာဏာပိုင်များက အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း...
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) မြန်မာ(၁၂)လရာသီတွင် တန်ဆောင်မုန်းလ သည် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများအား ကျင်းပ ဆင်နွဲကြသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသော (၃၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောင်မြေနေရာတွင် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီမှ စတင် ယှဉ်ပြိုင် လျက်ရှိပြီး နိုဝင်ဘာ ၁၄...
ဝယ်လင်တန်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက နယူးဇီလန်နိုင်ငံအတွင်း နယူးဇီလန်ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ရက် ဝး၀၂နာရီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ရက် ၁ရး၃၂နာရီ) တွင် အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်သွားပြီးနောက် နိုင်ငံ၏ တောင်ပိုင်း ကမ်းရိုးတန်းဒေသအားလုံးသို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ တွင် နိုဝင်ဘာလ ၁၃ရက် ပေကျင်းစံတော်ချိန် ည ရး၀၂နာရီ ၌ အင်အား ၇.၇ ရှိသည့် အင်အားပြင်းထန်သည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။
နယူးယောက်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) နိုဝင်ဘာလ ၁၄ရက်နေ့တွင် တွေ့မြင်ရမည့် စူပါ-မွန်း သည် ၆၉နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကမ္ဘာမှ အနီးကပ်ဆုံးမြင်တွေ့ရမည့် လမျက်နှာပြင် အပြည့်အဝဖြစ်ကြောင်း နာဆာ (NASA) ၏ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဓာတ်ခွဲခန်းအသစ်ကို ၂ဝ၁၇ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် (FDA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတအိုဘားမား ၏ စက်တင်ဘာ ကြေညာချက်အပြီး ကွန်ဂရက်သို့ အသိပေးအကြောင်းသည့်ကာလ ရက်ပေါင်း ၆၀ ကြာပြီးနောက် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအထူးခံစားခွင့်ကို ယနေ့ပြန်လည် ပေးအပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သံရုံး (မြန်မာ) မှ သတင်းထုတ်ပြန်သည်။