Connect with us

Local

အမေရိကန်မှ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအထူးခံစားခွင့်ပြန်လည်ပေးအပ်

အမေရိကန်သမ္မတအိုဘားမားနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံစဉ် (ဓာတ်ပုံ-- U.S Embassy )

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတအိုဘားမား ၏ စက်တင်ဘာ ကြေညာချက်အပြီး ကွန်ဂရက်သို့ အသိပေးအကြောင်းသည့်ကာလ ရက်ပေါင်း ၆၀ ကြာပြီးနောက် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအထူးခံစားခွင့်ကို ယနေ့ပြန်လည် ပေးအပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သံရုံး (မြန်မာ) မှ သတင်းထုတ်ပြန်သည်။

အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် မှတစ်ဆင့် နိုင်ငံတကာက အသိအမှတ်ပြုထားသော အလုပ်သမား အခွင့်အရေးများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းအားထုတ်မှုနှင့် စက်တင်ဘာ ၂၉-၃၀ တွင် ကျင်းပသော အလုပ်သမား ဥပဒေ ပြင်ဆင်ခြင်းနှင့် အသင်းအဖွဲ့ စွမ်းဆောင်ရည် တည်ဆောက်ခြင်းဆိုင်ရာ ပါဝင်သက်ဆိုင်သူများ ဒုတိယအကြိမ် ဆွေးနွေးပွဲအရ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဒိန်းမတ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တို့နှင့်အတူ လက်တွဲ လုပ်ဆောင်မှုများ အပါအဝင် သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်မှု တစ်ရပ်နှင့် မြန်မာနိုင်ငံက ကိုက်ညီသောကြောင့် ကုန်သွယ်ရေး အထူးခံစားခွင့်ကို ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေးအထူးခံစားခွင့်ကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်း အမျိုးအမည် ငါးထောင် နီးပါးခန့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။ ကုန်သွယ်ရေး အထူးခံစား ခွင့်ကြောင့် စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်မည်ဖြစ်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ဖန်တီးကာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည့် ပို့ကုန်လုပ်ငန်းများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက https://ustr.gov/…/2016/sept…/united-states-reinstates-trade တွင်လေ့လာကြည့်ရှုနိုငကြောင်း၊ ကုန်သွယ်ရေးအထူးကင်းလွတ်ခွင့်တွင် အကျုံးဝင်သော ကုန်ပစ္စည်းစာရင်းအပြည့်အစုံကို သိရှိလိုပါက https://ustr.gov/…/generalized-system-prefe…/gsp-program-inf ကြည့်ရှုနိုင်ကြောင်း အမေရိကန်သံရုံး (မြန်မာ) ၏သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)