Connect with us

Europe

အင်အားပြင်း ငလျင် လှုပ်ခတ်အပြီး နယူးဇီလန်၌ ဆူနာမီသတိပေးချက်ထုတ်ပြန်

နယူးဇီလန်နိုင်ငံ ရှိ Christchurch မြို့အားတွေ့ရစဉ် (Xinhua/EPA)

ဝယ်လင်တန်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက နယူးဇီလန်နိုင်ငံအတွင်း နယူးဇီလန်ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ရက် ဝး၀၂နာရီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ရက် ၁ရး၃၂နာရီ) တွင် အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်သွားပြီးနောက် နိုင်ငံ၏ တောင်ပိုင်း ကမ်းရိုးတန်းဒေသအားလုံးသို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း ကာကွယ်ရေး နှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဋ္ဌာန က ဆူနာမီ ဖြစ်လာနိုင်ခြေရှိကြောင်း ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။ဝန်ကြီးဋ္ဌာနက ပထမဆုံး လှိုင်းအခြေအနေသည် သိသာထင်ရှားမှု မရှိသေးကြောင်း၊ ဆူနာမီလှုပ်ခတ်နိုင်မှုသည် နာရီပေါင်းများစွာထိ ဆက်လက်ရှိနေနိုင်ပြီး ယခု သတိပေးချက်အား မပယ်ဖျက်ခင်အချိန်ထိ ဆူနာမီအမှန်တကယ်ဖြစ်လာနိုင်မည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ငလျင်သည် တောင်ဘက်ကျွန်း ၏ အကြီးဆုံးမြို့ဖြစ်သည့် Christchurch မြို့ အနောက်မြောက်ဘက် ၁၃၀ကီလီုမီတာအကွာ၊ ရေပူစမ်းခရီးသွားမြို့ဖြစ်သည့် Hanmer Springမြို့၏ အရှေ့တောင်ဘက် ၁၅ကီလိုမီတာ ကို ဗဟိုပြု၍အင်အား၇.၅ရစ်ချ်တာစကေးပြင်းအားဖြင့် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)