နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၁၃၃၀ ကျော်မှ အိမ်ခြေ ရှစ်သောင်းကျော်တို့အား အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (National Electrification Project – Off Grid) ဖြင့် မီးလင်းစေရေး...
အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၂၈ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်တွင် ပေါက်ကွဲမှုတစ်ခုကြောင့် ကလေးငယ် ၆ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ ၂၀၁၇ခုနှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းဒုက္ခသည် ၁၅၀,၀၀၀နီးပါးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နောက်ဆုံးသတင်းအချက်အလက်များအရ သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၂၈ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဒီဇင်ဘာ ၂၇ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုးလ်၊ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က ၂ဝ၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့်ရေးထိုးခဲ့သော သဘောတူညီချက်တစ်ခုဖြင့် စစ်ပွဲကာလအတွင်း ဂျပန်တို့ကျူးလွန်ခဲ့သော လိင်ကျွန်ပြုမှုကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒါကာ ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေတပ် ၏ လေ့ကျင့်ရေး လေယာဉ် နှစ်စင်း သည် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပျက်ကျ ခဲ့ပြီး လက်ရှိချိန်တွင် လေယာဉ် ပျက်ကျမှု ကြောင့် လေယာဉ်မှူးများ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)က အိမ်အလုံး ၆၀၀ ကျော် တည်ဆောက်နေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ တုန်းဟိုင်ကမ်းလွန်လေစွမ်းအင်စက်ရုံမှာ ပထမဆုံးကမ်းလွန်လေစွမ်းအင်စက်ရုံဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အား အသုံးပြုလာသည့် စီမံကိန်းမှာထင်ရှားလာပြီဖြစ်သည်။ အဆိုပါ လေစွမ်းအင်စက်ရုံမှာ နှစ်စဉ် ကီလိုဝပ် နာရီပေါင်း ၂၆၇ သန်း ထုတ်လုပ်ပေးမည်ဖြစ်သည်။ ထို့ကြောင့်ထိုလေစွမ်းအင်စက်ရုံစတင်လည်ပတ်ပါကကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကိုလျှော့ချနိုင်မည် ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကိုလည်းသိသာစွာလျော့ချပေးနိုင်မည်ဖြစ်သည်။ (Xinhua)
အက်ဒန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တိုက်ဇ်ပြည်နယ်ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂၆ရက်က ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ဦးကျော်သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဂျီနီဗာ ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဆွစ်ဇာလန် နိုင်ငံ အဲလ်ပ်တောင်တန်း ဒေသ တွင် လတ်တလော ၃ ရက် အတွင်း ရေခဲတောင် ပြိုကျမှု ၃ ကြိမ် ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း...