Connect with us

Asia

စစ်ပွဲကာလအတွင်း ဂျပန်တို့ကျူးလွန်ခဲ့သော လိင်ကျွန်ပြုမှုကို ၂ဝ၁၅ ခုနှစ်သဘောတူညီချက်ဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတပြော

ကိုရီးယား-ဂျပန်စစ်ပွဲအတွင်း ဂျပန်တို့ လိင်ကျွန်ပြုခံရသူ အမျိုးသမီးတစ်ဦး၏ သရုပ်ပြပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က ၂ဝ၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့်ရေးထိုးခဲ့သော သဘောတူညီချက်တစ်ခုဖြင့် စစ်ပွဲကာလအတွင်း ဂျပန်တို့ကျူးလွန်ခဲ့သော လိင်ကျွန်ပြုမှုကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

စစ်ပွဲအတွင်း ကိုရီးယားအမျိုးသမီးငယ်များအား ဇိမ်မယ်များအဖြင့် အသုံးပြုခဲ့ခြင်းကိစ္စကို ရှင်းရှင်းလင်းလင်း ဆန့်ကျင်ကြောင်း ကိုရီးယားနိုင်ငံသမ္မတတစ်ဦးအနေဖြင့် ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား တရားဝင်မဟုတ်သော သဘောတူညီမှုတစ်ခုအရ ထိုကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မွန်ဂျေအင်က ဆိုသည်။

တောင်ကိုရီးယားသမ္မတသည် ၂ဝ၁၅ ခုနှစ်သဘောတူညီမှု အစီရင်ခံစာကို ပြန်လည်သုံးသပ်မိချိန်တွင် ကြီးမားစွာဝမ်းနည်းကြေကွဲခံစားခဲ့ရကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ Park Soo-hyun က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စွပ်စွဲပြစ်တင်မှုဖြင့် ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသော တောင်ကိုရီးယားသမ္မတ(ဟောင်း) ပက်ဂွမ်ဟေး နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့အကြား လျှို့ဝှက်သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့သည်ကို တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးက ထုတ်ဖော်အတည်ပြုခဲ့ပြီးနောက် တစ်ရက်အကြာတွင် လက်ရှိတောင်ကိုရီးယားသမ္မတမွန်ဂျေအင်၏ မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတ(ဟောင်း) ပက်ဂွမ်ဟေး နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ တောင်ကိုရီးယားနိုင်ငံသူများအား လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်ကျူးလွန်ခဲ့သည့် ကိစ္စရပ်အပေါ် ဖြေရှင်းမည့် ၂ဝ၁၅ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်တစ်ခုကို လျှို့ဝှက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.