ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရန် အဓိကလမ်းမများ၌ လုံခြုံရေးကင်မရာ ပါဝင်သော ဆင်ဆာမီးပွိုင့်များ တပ်ဆင်ထားပြီး စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို လုံခြုံရေး ကင်မရာများမှ တစ်ဆင့် မှတ်တမ်းတင်လျက်ရှိရာ အဆိုပါယာဉ်များအား မော်တော်ယာဉ်နှစ်ကုန် သက်တမ်းတိုးသည့် အချိန်တွင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ...
ဂျာကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Aceh ပြည်နယ် Nagan Raya ခရိုင်တွင် ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၃,၀၀၀ နီးပါး နေရာရွှေ့ပြောင်းခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်ဋ္ဌာန တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ရက် ညနေပိုင်းတွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၆ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈ဝ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၁၃၅.၄၆ သန်းကျော်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သိရသည်။
အစ္စလမ်မာဘတ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဇန်နဝါရီ ၈ရက်က ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြား လူ၂၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် သမ္မတ အိုဘားမား၏ သမ္မတတာဝန်နောက်ဆုံးနှစ်ဖြစ်သော ၂ဝ၁၆ ခုနှစ်အတွင်း အခြားကမ္ဘာ့နိုင်ငံပေါင်း ၇ နိုင်ငံ၌ အမေရိကန်လေတပ်မှ ကြဲချခဲ့သော ဗုံးပမာဏမှာ ၂၆,၁၇၁ တန် ရှိကြောင်း နှင့် ၂ဝ၁၅ ခုနှစ်ထက် ဗုံးတန်ချိန် ၃,ဝ၂၇ တန်...
ပြုံယမ်း ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ရန် ပြင်ဆင်မှုသည် နောက်ဆုံး အဆင့်သို့ရောက်ရှိပြီးဖြစ်ကာ အချိန်မရွေး တိုက်ချင်းပစ် ဒုံးကျည် ကို...
ဟောင်ကောင် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မကြာသေးမီက အသစ်ထုတ်ပြန်လိုက်သော ကမ္ဘာ့အထင်ကရမြို့ကြီး (၁ဝ) မြို့စာရင်းတွင် တရုတ်နိုင်ငံမှ ဟောင်ကောင် ၊ ရှန်ဟိုင်း နှင့် ဘေဂျင်းမြို့တို့ပါဝင်လာကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ဟေတီ(Haiti) နိုင်ငံမြောက်ပိုင်း တောင်ထူထပ်သောဒေသအတွင်း အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီလ ၈ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၂ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ် နိုင်ကြောင်း...