Connect with us

North America

၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အမေရိကန်နိုင်ငံက ကြဲချခဲ့သော ဗုံးပမာဏမှာ တန်ချိန် ၂၆ဝဝဝ ကျော်ရှိ

အရှေ့ အလယ်ပိုင်းဒေသရှိ မြို့ ကြီးတစ်မြို့ အား အမေရိကန်လေတပ်မှ ဗုံးကြဲချခဲ့ပြီးနောက် အပျက်အစီးပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် သမ္မတ အိုဘားမား၏ သမ္မတတာဝန်နောက်ဆုံးနှစ်ဖြစ်သော ၂ဝ၁၆ ခုနှစ်အတွင်း အခြားကမ္ဘာ့နိုင်ငံပေါင်း ၇ နိုင်ငံ၌ အမေရိကန်လေတပ်မှ ကြဲချခဲ့သော ဗုံးပမာဏမှာ ၂၆,၁၇၁ တန် ရှိကြောင်း နှင့် ၂ဝ၁၅ ခုနှစ်ထက် ဗုံးတန်ချိန် ၃,ဝ၂၇ တန် ပိုများခဲ့ကြောင်း နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါဗုံးအများစုမှာ အိုင်အက်စ်အကြမ်းဖက်သမားများအား နှိမ်နှင်းရန် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က အီရတ် နှင့် ဆီးရီးယားနိုင်ငံများပေါ်သို့ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နှစ်နိုင်ငံစလုံးပေါ်သို့အမေရိကန်တပ်ဖွဲ့သည် ဗုံးတန်ချိန် ၁၂ဝဝဝ တန်စီ ကြဲချခဲ့ကြောင်း ၊ ၎င်းပမာဏမှာ ကမ္ဘာတစ်ဝန်းလုံးတွင် အမေရိကန်ကစုစုပေါင်းအသုံးပြုခဲ့သော ဗုံးအားလုံး၏ ၉၂ ရာခိုင်နှုန်းအထိ ရှိကြောင်း အမေရိကန်နိုင်ငံ နိုင်ငံတကာဆက်ဆံရေးကောင်စီမှ ထုတ်ပြန်သော အစီရင်ခံစာ အရသိရသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံပေါ်သို့ကြဲချခဲ့သော ဗုံးအရေအတွက်မှာ ၁,၃၃၇ တန် ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်ထက် ၅ဝ ရာခိုင်နှုန်းနီးပါးထိ ပိုများခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတရာထူးမှ အနားမယူမီ သမ္မတအိုဘားမားသည် အာဖဂန်နစ္စတန်နိုင်ငံသို့ရောက်ရှိနေသော အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို ပြန်လည်ရုပ်သိမ်းရန် မူလက စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိ အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၉,၈ဝဝ ဦးထိ တပ်စွဲထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် လစ်ဗျားနိုင်ငံပေါ်သို့ဗုံးကြဲချသည့် ပမာဏကိုလည်း တိုးမြှင့်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ဗုံးတန်ချိန် ၄၉၆ တန် ကြဲချခဲ့ကြောင်း ၊ထို့ပြင် ပါကစ္စတန်နိုင်ငံပေါ်သို့၃ တန် ၊ ဆိုမာလီယာနိုင်ငံပေါ်သို့၁၄ တန် နှင့် ယီမင်နိုင်ငံပေါ်သို့၃၄ တန် ကြဲချခဲ့သေးကြောင်း သိရသည်။

၎င်းနိုင်ငံများပေါ်သို့ဗုံးတန်ချိန်အမြောက်အမြားကို ကြဲချခဲ့သော်လည်း အမေရိကန်နိုင်ငံသည် ၎င်း ၇ နိုင်ငံထဲတွင် မည်သည့်နိုင်ငံနှင့်မျှ တရားဝင်စစ်ဖြစ်နေခြင်း မရှိပေ။ (XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.