Connect with us

Asia

အင်ဒိုနီးရှားတွင် ရေကြီးမှုကြောင့် လူပေါင်း ၃,၀၀၀နီးပါး နေအိမ်အားစွန့်ခွာခဲ့ရ

အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Aceh ပြည်နယ် Nagan Raya ခရိုင်တွင် ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၃,၀၀၀ နီးပါး နေရာရွှေ့ပြောင်းခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်ဋ္ဌာန တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ရက် ညနေပိုင်းတွင်ပြောကြားခဲ့သည်။

Tripa Makmur နှင့် Darul Makmur ခရိုင်ခွဲများတွင် မြစ်နှစ်စင်းမှ ရေများကမ်းပေါ်သို့ ၂မီတာကျော်လာ၍ ရွာပေါင်းများစွာ ရေနစ်မြုပ်ခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugraho ကပြောကြားခဲ့သည်။

၎င်းက ရေကြီးမှုကြောင့် ပိတ်မိနေသည့် ရွာများကို အဓိကထား၍ ကယ်ဆယ်ရေးုလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေကြီးမှုကြောင့် လျှပ်စစ်ဓါတ်အားများပြတ်တောက်ခဲ့ရပြီး သွားလာရေးခက်ခဲနေကြောင်း နှင့် အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန်လည်း အခက်အခဲရှိနေကြောင်း Sutopo ကပြောကြားခဲ့သည်။

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ပေးထားကြောင်း ၎င်းကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားလေ့ရှိသည်။ လူသန်းပေါင်းများစွာသည် မြစ်နှင့် နီးကပ်၍ အချိန်မရွေးရေတက်လာနိုင်သော ချိတ်ဆက်နေသည့် ကျွန်းပေါင်း ၁၇,၅၀၀ ပေါ်တွင်နေထိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.