Connect with us

Asia

မြောက်ကိုးရီးယား နိုင်ငံ က နောက်ဆုံး အဆင့် တိုက်ခြင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ရန် အဆင်သင့် ဖြစ်ကြောင်း ထုတ်ပြန်

မြောက်ကိုးရီးယား နိုင်ငံ ၏ စစ်ရေးပြ အခမ်းအနားတွင် ပြသ ခဲ့သည့် တာဝေးပစ် ဒုံးကျည် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ရန် ပြင်ဆင်မှုသည် နောက်ဆုံး အဆင့်သို့ရောက်ရှိပြီးဖြစ်ကာ အချိန်မရွေး တိုက်ချင်းပစ် ဒုံးကျည် ကို ပစ်လွှတ်နိုင်ကြောင်း ဇန်နဝါရီလ ၈ရက်နေ့တွင် ပြောကြား ခဲ့သည်။

မြောက်ကိုးရီးယား သတင်းမီဒီယာ (KCNA) ၏ ဖော်ပြချက်အရ ပြောရေးဆိုခွင့်ရှိသူ က သတင်းထောက်၏ မေးမြန်းမှု ကို ဖြေကြားရာတွင် အမေရိကန် နိုင်ငံ သည် ဆယ်စုနှစ်နှင့်ချီ၍ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ရန်သူ မူဝါဒ ချမှတ်ထားပြီး မြောက်ကိုးရီးယား နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် အရေးကြီးသည့် အာဏာပိုင်း ဆိုင်ရာကို ဝင်ရောက်စွက်ဖက်မှု များဆောင်ရွက်ခဲ့ကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် တိုက်ချင်းပစ် ဒုံးကျည် တီထွင်ဆောင်ရွက်ခြင်းသည် မိမိကိုယ်ကိုယ် ကာကွယ်မှု စွမ်းရည် မြှင့်တင်ရန် ဖြစ်ပြီး အမေရိကန် နိုင်ငံ ၏ တစ်နေ့တခြား ထင်ရှားစွာ ခြိမ်းခြောက်လာသည့် နျူကလီယား စစ်ပွဲ အတွက် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ ဘက်ကမူ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု များကို မြှင့်တင်သွားရန် နှိုးဆော်ခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံ၏ ဒုံးကျည် ပစ်လွှတ်ခြင်း ပြင်ဆင်မှုကို ရန်မူခြင်း နှင့် ခြိမ်းခြောက်ခြင်း ဟူ၍ စွပ်စွဲခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူက မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပိတ်ဆို့မှု များအောက်တွင် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ကာ ကိုယ်ပိုင် စမ်းသပ်ထုတ်လုပ်မှု ဖြင့် သတ်မှတ်ချက်များ နှင့် ကိုက်ညီသည့် နျူကလီးယား ထိပ်ဖူး ကိုထုတ်လုပ် နိုင်ခဲ့ကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် တိုက်ချင်း ပစ် ဒုံးကျည် ကို စမ်းသပ် ရန် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံ၏ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအန်း က ၂၀၁၇ ခုနှစ် နှစ်သစ် ဆုတောင်း စကားပြောကြားရာတွင် အမေရိကန် နိုင်ငံ နှင့် နောက်လိုက်အင်အားများ၏ နျူကလီးယား ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေသ၍ ၊ မြောက်ကိုးရီးယား နိုင်ငံ၏ အိမ်ဝတွင် နှစ်စဉ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသ၍ မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား လက်နက် အင်အားကို ဆက်လက် တိုးချဲ့သွားမည် ဖြစ်ပြီး မိမိ နိုင်ငံ ကာကွယ်နိုင်မှုစွမ်းရည်ကိုမြှင့်တင်သွားကာ လက်ဦးမှု ရယူနိုင်သည့် အင်အားကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံ သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ နှင့် စက်တင်ဘာ ၉ ရက်နေ့ တို့တွင် နျူကလီးယား စမ်းသပ်မှုများပြုလုပ် ခဲ့ပြီး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို အကြိမ်ကြိမ် ပြုလုပ် ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့ နှင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြောက်ကိုးရီးယား ဆိုင်ရာ ဆုံးဖြတ်ချက် အမှတ်စဉ် ၂၂၇၀ နှင့် အမှတ်စဉ် ၂၃၂၁ အရမြောက်ကိုးရီးယား နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှု ကို ဝေဖန်ပြစ်တင်ခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် နျူလက်နက် နှင့် ဒုံးကျည်စီမံကိန်း များကို စွန့်လွှတ်ရန်ပြောကြားကာ အရေးယူ ပိတ်ဆို့မှုများကို ဆောင်ရွက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.