ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် နိုဝင်ဘာလ ၁၃ ရက်က ကြောက်မက်ဖွယ် လူသေဆုံးခဲ့ရသည့် ငလျင်အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂက အသင့်ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ယနေ့ဒေသစံတော်ချိန် ၁၀နာရီ ၁၅နာရီတွင် ကျင်းပသည့် နှစ်(၄၀)ပြည့် အထိမ်းအမှတ် အာဆီယံ+ကနေဒါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်း၍ ကမ်းရိုးတန်းငါး လုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်း စတင် ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းအတွက် ကျပ်သိန်း၆၀၀ တန်ဖိုးရှိသည့် စားသောက်ကုန်များလှူဒါန်းပွဲ အခမ်းအနားကို မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းတွင် ယနေ့ ကျင်းပခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Yecho Hun Sen တို့သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၌ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များ အစည်းအဝေးအတွင်း နိုဝင်ဘာလ ၁၃...
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အီရန်နိုင်ငံတွင် အနည်းဆုံး လူ ၄၄၅ဦးသေဆုံးပြီး အခြားလူ ၇,၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ငလျင်ပြင်းလှုပ်ခတ်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီထံ နိုဝင်ဘာ ၁၄ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်သူ လာအိုနိုင်ငံ သမ္မတဟောင်း Choummaly Saygnasone တို့သည် နိုဝင်ဘာ ၁၃ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီရန်-အီရတ် နယ်စပ်ဧရိယာတွင် နိုဝင်ဘာ ၁၂ရက်က အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည့်အတွက် အီရန်နိုင်ငံသား သေဆုံးမှုသည် ၄၄၅ဦးအထိ ကြောက်မက်ဖွယ်မြင့်တက်လာခဲ့ပြီး လူအများအပြား အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၁၃ ရက်တွင်ဖော်ပြခဲ့သည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့သို့ နိုဝင်ဘာ ၁၂ရက်တွင် နိုင်ငံတော်ခရီးစဉ် အဖြစ် ရောက်ရှိလာကြောင်း သိရသည်။ ယင်းခရီးစဉ် သည် ရှီအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ တရုတ်နိုင်ငံ...
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) ဗီယက်နမ်တရုတ်ချစ်ကြည်ရေးနန်းတော်ဖွင့်လှစ်ခြင်းအခမ်းအနားကို ဟနွိုင်းတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ကကျင်းပခဲ့ပြီး သမ္မတရှီကျင့်ဖိန်တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါ နန်းတော်ကို တရုတ်နိုင်ငံက အဓိကတည်ဆောက်ခြင်းဖြစ်ပြီး တရုတ် ဗီယက်နမ် နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေးပိုမိုနက်ရှိုင်းစေရန်ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)