ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း” (PHETHAI)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီ အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော ဆိုင်ကလုန်း မုန်တိုင်း အခြေအနေ...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်စစ်တပ်က စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများကို ကာကွယ်ရန် အာဖဂန်နစ္စတန်နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ခံတပ် ၂၃၃ခု ကို တည်ဆောက်ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ် ၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံရန် ၊ အပြန်အလှန်ချိတ်ဆက်ရေး နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တို့ကို အားပေးထောက်ခံသွားရန် ဒီဇင်ဘာ ၁၅ ရက်က သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက် သူတိုင်း စာပေ ဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက် လာစေရေး အတွက် အားပေးလှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ဒီဇင်ဘာ...
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့တော်၌ ဒီဇင်ဘာ၁၈ ရက်တွင် ကျင်းပမည့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနား ညီလာခံသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ဒီဇင်ဘာလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ကိုလံဘို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa သည် ဒီဇင်ဘာလ ၁၅ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ပြီး သမ္မတ Maithripala Sirisena တည်ထောင်မည့် အစိုးရသစ်အတွက် လမ်းဖွင့်ပေးလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၁၄ ရက်၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်းတုံး ၁၂တန်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဝင်ငွေကျဆင်းမှု နှင့်လူနေမှုစရိတ်မြင့်တက်လာမှုတို့ကြောင့်ပြည်သူများမကျေမနပ်ဖြစ်မှုများကိုရပ်တန့် နိုင်ရန်ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်(Emmanuel Macron) ကနည်းလမ်းများဆောင်ရွက်နေ သော်လည်း၊နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာလ ၁၅ ရက်၌ Yellow Vests ခေါ်ဆန္ဒပြမှုအသစ်များထပ်မံဖြစ် ပွားလာဖွယ်ရှိရာဖြစ်ပေါ်လာနိုင်သည့်အကြမ်းဖက်မှုများကိုထိန်းချုပ်သွားနိုင်ရန်ပြင်သစ်အစိုးရကလည်း ထောင်နှင့်ချီသော လုံခြုံရေးအရာရှိများနှင့် လက်နက်တင်ကားများက ိုအသုံးပြု၍လုံခြုံရေးလုပ်ငန်းများ ကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမည်ဟုသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ မြို့ ပြဖွံ့ ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေ မည့် ထိန်းညှိစနစ်တစ်ခု ပေါ်ထွက်လာစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ဧရိယာခွဲခြားသတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။