ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်တို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အရေးပါသည့်သဘောတူညီချက်များရရှိခဲ့သည်ဟ ုပြောကြားခဲ့သည် ။(Xinhua)
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်တို့တွေ့ဆုံဆွေးနွေးခဲ့မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့သည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်တွင် ကျင်းပလျက်ရှိသည့် ၁၃ကြိမ်မြောက် G20 ထိပ်စည်းအစည်းအဝေးသို့တက်ရောက်လာကြသည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်တို့ ဒီဇင်ဘာလ ၁ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါ Link မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်း ဧက ၆၀ကျော် ကို ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းကြောင်း ယနေ့ကျရောက်သော (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အဆိုပါ...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့ပိုင်း မက်ဆာချူးဆက်ပြည်နယ် ဘရစ္စတိုမြို့တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ကျောင်းကြိုပို့ယာဉ်တစ်စီးသည် Berkley လမ်းဘေးတောအုပ်အတွင်းသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ လူကြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမှတ်(၅) ရေတပ် တပ်မှူး Scott Stearney သည် ဒီဇင်ဘာ ၁ ရက်တွင် ဘာရိန်းနိုင်ငံ၌ သေဆုံးသွားကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunhwaပြည်နယ် Dera Ismail Khanဒေသ၌ ဖမ်းဝရမ်းထုတ်ထားသည့်အကြမ်းဖက်သမား တစ်ဦး အား ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဓါးစာခံ ၆ ဦးကို ကယ်ဆယ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင် ရာ...