Connect with us

Asia

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သမား ၁ ဦးအားပစ်ခတ်ရှင်းလင်း၍ ဓါးစာခံ ၆ ဦးကို ကယ်တင်ခဲ့

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunhwaပြည်နယ် Dera Ismail Khanဒေသ၌ ဖမ်းဝရမ်းထုတ်ထားသည့်အကြမ်းဖက်သမား တစ်ဦး အား ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဓါးစာခံ ၆ ဦးကို ကယ်ဆယ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင် ရာ သတင်း ဌာန(ISPR)က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်သမားတွင် လက်နက်နှင့်လက်ပစ်ဗုံးများပါရှိကြောင်း ၊လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးမှာ အကြမ်းဖက်သမားနှင့်အပြန်အလှန်ပစ်ခတ်စဉ် ဒဏ်ရာရရှိခဲ့ကြောင်း ၊ အဖမ်းခံထားရသည့် ဓါးစာခံ ၆ ဦးစလုံး မှာ အရပ်သားများဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ယခုစစ်ဆင်ရေးသည် ပါကစ္စတန်စစ်ဘက်ဆိုင်ရာ၏ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)