ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၌ ပေါက်ကွဲစေတတ်သောပစ္စည်းပြုလာရာတွင် အသုံးပြုနိုင်သည့် အမိုနီယမ်နိုက်ထရိတ် ၁၉၀ အိတ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစု၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် အလယ်အလတ်အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၁၉ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
စီချန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်းသုံး BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွက် တည်နေရာပြ ဂြိုဟ်တု ၂လုံး အား ဒုံးပျံ တစ်စင်းဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ပြိုင်နက် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြင်ပ၌ ၂ဝ၁၇ ခုနှစ်အတွင်း ယူနီယံပေးကတ်(UnionPay Cards) အသုံးပြုသူ သန်း ၂ဝ ကျော် ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း ၊ နိုင်ငံရပ်ခြား၌ ယူနီယံပေးကတ် ထုတ်ပေးမှုအရေအတွက်မှာ စုစုပေါင်း သန်း ၉ဝ ကျော်ထိ ရှိကြောင်း ယင်းကတ်ကုမ္ပဏီက ဖေဖော်ဝါရီ...
ဗီယင်နာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) သြစတီးယားနိုင်ငံ အလယ်ပိုင်း Styria ပြည်နယ် တွင် ဖေဖော်ဝါရီ ၁၂ရက်ကဖြစ်ပွားခဲ့သော ရထားချင်းတိုက်မိမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) တည်ဆောက်ဆဲသင်္ဘောအား ဝရိန်ဆော်စဉ် မီးများပွင့်ထွက်ရာမှပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး လူအများဒဏ်ရာရရှိကြောင်း၊ ထိုပေါက်ကွဲမှု နှင့် ပတ်သက်၍ အမှုဖွင့် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်းပြည်နယ်၌ မြစ်အတွင်းသို့ ခရီးသွား ကားတစ်စီး ပြုတ်ကျခဲ့ရာအနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်တွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မြန်မာ့လက်ရာပွဲတော်ကို ကျင်းပလျက် ရှိကြောင်းသိရသည်။ ထိုပွဲတော်တွင် တိုင်းရင်းသားများ၏ လက်မှုပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်ကို ပြခန်း (၁၂) ခန်း ခင်းကျင်းပြသထားသည့်အပြင် မြန်မာ့ရိုးရာ ယက္ကန်းများဖြစ်သော အမရပူရ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် “တံခါးဖွင့်၍ နှစ်သစ်အား ကြိုဆိုကြမည်” ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ က မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး အိမ်တော်...