Connect with us

Videos

တရုတ် ရိုးရာ နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး အိမ်တော်တွင် ကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် “တံခါးဖွင့်၍ နှစ်သစ်အား ကြိုဆိုကြမည်” ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ က မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး အိမ်တော် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးများ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နိုင်ငံရေး ပါတီ များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် မြန်မာ နိုင်ငံ ရှိ အသင်းအဖွဲ့များ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် အသီးသီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များက တက်ရောက် ခဲ့ကြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ်နိုင်ငံ က မြန်မာနိုင်ငံ၏ မိတ်ဆွေ အိမ်နီးချင်း ပေါက်ဖော် ညီအကို နိုင်ငံ တစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဆောင်ရွက်မှုများကို ထောက်ခံအားပေးသွားမည် ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု တို့၏ လူနေမှုဘဝ ပိုမိုကောင်းမွန်ရန် နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုနှစ်သည် မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၆၈ နှစ် မြောက် နှစ်ဖြစ်ပြီး ယခုအချိန်သည် တရုတ် လူမျိုးများ၏ အရေးပါဆုံးသော ရိုးရာ နှစ်သစ်ကူး အချိန်ကာလ ဖြစ်ကြောင်း ၊တရုတ်နိုင်ငံ သည် လက်ရှိချိန်တွင် မြန်မာနိုင်ငံ ၏ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ အကြား ပြန်လည် သင့်မြတ်ရေး နှင့် ရခိုင်ပြည်နယ် အပေါ်ဆောင်ရွက်ပေးခဲ့သည့် ကူညီထောက်ပံ့မှုများ ကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ဧည့်ခံပွဲတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာ ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်ခဲ့ကြပြီး တရုတ် နိုင်ငံ သံအမတ်ကြီး နှင့် အတူတကွ ကြွရောက် လာသည့် ဧည့်သည်တော်များက တရုတ်နိုင်ငံ ရိုးရာ နှစ်သစ်ကူး ဆိုင်ရာ အနုပညာ ပြခန်းများ သို့ လိုက်လံကြည့်ရှုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.