Connect with us

Science & Technology

၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံပြင်ပ၌ ယူနီယံပေးကတ်(UnionPay Cards) အသုံးပြုသူ သန်း ၂ဝ ကျော် ရှိလာ

တရုတ်နိုင်ငံ၌ ယူနီယံပေးကတ် ( UnionPay cards) များ ကိုင်ဆောင်ထားသူတစ်ဦးကိုတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပြင်ပ၌ ၂ဝ၁၇ ခုနှစ်အတွင်း ယူနီယံပေးကတ်(UnionPay Cards) အသုံးပြုသူ သန်း ၂ဝ ကျော် ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း ၊ နိုင်ငံရပ်ခြား၌ ယူနီယံပေးကတ် ထုတ်ပေးမှုအရေအတွက်မှာ စုစုပေါင်း သန်း ၉ဝ ကျော်ထိ ရှိကြောင်း ယင်းကတ်ကုမ္ပဏီက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းကတ်အသုံးပြုမှုမှတဆင့် ငွေလွှဲပြောင်းမှု ပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ခေတ်သစ်ပိုးလမ်းမကြီး ဈေးကွက်တွင် ယူနီယံပေးကတ် ၂၅ သန်းကျော် ထုတ်ပေးခဲ့ကြောင်း ၊ လာအို ၊ မွန်ဂိုလီယား နှင့် မြန်မာနိုင်ငံ တို့တွင် ဘဏ်ကတ်အသုံးပြုမှု၌ ယူနီယံပေးကတ်သည် ထိပ်ဆုံးထိ ဖြစ်လာခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၌ ယူနီယံပေးကတ် ၄.၁ သန်း ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း နှင့် ရုရှားနိုင်ငံရှိ ဘဏ်များတွင် ကတ်ပေါင်း ၁.၃ သန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ယူနီယံပေးကတ်သည် နိုင်ငံ၏ အကြီးဆုံးဘဏ်ကတ် ငွေပေးချေမှု ငွေထုတ်စက်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.