Connect with us

Videos

ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိသည့် မြန်မာ့လက်ရာပွဲတော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်တွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မြန်မာ့လက်ရာပွဲတော်ကို ကျင်းပလျက် ရှိကြောင်းသိရသည်။

ထိုပွဲတော်တွင် တိုင်းရင်းသားများ၏ လက်မှုပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်ကို ပြခန်း (၁၂) ခန်း ခင်းကျင်းပြသထားသည့်အပြင် မြန်မာ့ရိုးရာ ယက္ကန်းများဖြစ်သော အမရပူရ ချည်ထည်နှင့် ပိုးထည်များ၊ အင်းလေး ကြာထည်နှင့် ပိုးထည်များ၊ ကချင်ရိုးရာဂျပ်ခုတ်များ၊ ကယန်း-ပဒေါင်ရိုးရာဂျတ်ခုတ်များနှင့် ချင်းရိုးရာဂျပ်ခုတ်များ၊ မြန်မာပန်းထိမ်လက်ရာများဖြစ်သော ရခိုင်ရိုးရာရွှေပန်းထိမ်နှင့် စစ်ကိုင်းရွာတောင်-ငွေထည်ကြေးထည်များ၊ မြန်မာရိုးရာရွှေဆိုင်းလုပ်ငန်း၊ မြန်မာယွန်း၊ ကယားရိုးရာ တောင်းယက်လုပ်ငန်း၊ မွန်ရိုးရာ ဆေးတံနှင့် ကျောက်သင်ပုန်း၊ ကချင်ရိုးရာ ဖိနပ်ချုပ်နှင့် ပန်းချီပြခန်းများ ပြသထားကြောင်း သိရသည်။

အဆိုပါ မြန်မာ့လက်ရာပွဲတော်ကို ဖေဖော်ဝါရီ ၁၁မှ ၁၃ရက်နေ့ထိ ကျင်းပပြီး တိုင်းရင်းသား အကအလှများနှင့် တိုင်းရင်းသား ရိုးရာအစားအစာများနှင့် အမှတ်တရ ပစ္စည်းများလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.