Connect with us

Science & Technology

တရုတ်နိုင်ငံသည် BeiDou-3 တည်နေရာပြ ဂြိုဟ်တု ၂လုံး အား ဒုံးပျံ တစ်စင်းဖြင့် တစ်ပြိုင်နက် လွှတ်တင်

တရုတ်နိုင်ငံ စီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ BeiDou-3 တည်နေရာပြ ဂြိုဟ်တု ၂လုံး အား ဖေဖော်ဝါရီ၁၂ရက်တွင် လွှတ်တင်နေစဉ် (ဆင်ဟွာ)

စီချန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်းသုံး BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွက် တည်နေရာပြ ဂြိုဟ်တု ၂လုံး အား ဒုံးပျံ တစ်စင်းဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ပြိုင်နက် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယခင် လွှတ်တင်ခဲ့သော BeiDou-3 ဂြိုဟ်တု ၄လုံး နှင့် ချိတ်ဆက်၍ ကွန်ရက်တစ်ခု ဖြစ်ပေါ်စေမည့် အဆိုပါ ဂြိဟ်တု ၂လုံးသည် BeiDou-3 အုပ်စု ၏ ငါးခုမြောက် နှင့် ခြောက်ခုမြောက် ဂြိုဟ်တုများဖြစ်ကြောင်း သိရသည်။ ၎င်းဂြိုဟ်တုများအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ စီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ လွှတ်တင်ခဲ့ပြီး ၃နာရီကျော် အကြာတွင် သတ်မှတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၏ အတွင်းရေးမှူး Dong Chongqing က BeiDou အမျိုးအစား ဂြိုဟ်တုများကို စီချန်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင်မှုအားလုံး အောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဂြိုဟ်တု ၂လုံးအား ဒုံးပျံပေါ်ရှိ Yuanzheng-1 ဂြိုဟ်တုသယ်ဆောင်သည့် အာကာသယာဉ်ဖြင့် တင်ဆောင်သွားခြင်းဖြစ်ပြီး ယင်းယာဉ်သည် တစ်ခု (သို့) တစ်ခုထက်ပိုသော ဂြိုဟ်တုများကို အာကာသအတွင်းရှိ မတူညီသော ဂြိုဟ်ပတ်လမ်းကြောင်းများအတွင်းသို့ ပို့ဆောင်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။

ယခုလွှတ်တင်မှုသည် Long March ဒုံးပျံအမျိုးအစား၏ ၂၆၇ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.