ဂျကာတာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေစခန်းပြင်ပရေပြင်၌ ကုန်ပစ္စည်းတင်သင်္ဘောတစ်စင်း နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ သင်္ဘောသား ၇ ဦးကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေကြောင်း အကြီးတန်း ကယ်ဆယ်ရေးသမားတစ်ဦးက နိုဝင်ဘာလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
နီယာမေ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ်၌ နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ဘိုကိုဟာရမ် အစွန်းရောက်သမားများက အမျိုးသမီးငယ် အနည်းဆုံး ၁၅ ဦးကို ပြန်ပေးဆွဲသွားကြောင်း ၎င်းပြည်နယ် လွှတ်တော်အမတ်တစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ကမ်ပါလာ ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ယူဂန်ဒါ နိုင်ငံ အလယ်ပိုင်း Mukono ဒေသရှိ Victoria ရေကန်တွင် နိုဝင်ဘာ ၂၄ ရက်က ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ၁၀ ဦးသေဆုံးပြီး လူ ၄၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယူဂန်ဒါ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံမှ တဆင့်အမေရိကန်နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေသော ခိုလှုံခွင့်တောင်းခံသူများအနေဖြင့် မက္ကဆီကိုနိုင်ငံအတွင်း စောင့်ဆိုင်းလျှက် ဥပဒေကြောင်းလုပ်ထုံးလုပ်နည်းများအတိုင်း ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
လျောင်နင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ဒန်ဒွန်တွင် Yu Wen ဆိုသည့် ပန်းပုပညာရှင်တစ်ဦးက ဥခွံများပေါ်တွင် ပန်းပုလက်ရာများကို ထွင်းထုထားရာ အလွန်လက်ရာမြောက်လှပလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အသက် ၄၉ နှစ်ရှိပြီဖြစ်သည့် Yu Wen မှာ ဥခွံအမျိုးမျိုးပေါ်တွင် လက်ရာမြောက်ပန်းပု ထွင်းထုခြင်းကိုအလွန်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူမက...
မန္တလေး ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ ၊ ဖူချင့် နိုင်ငံတကာ ဘာသာစကား စင်တာ တည်ထောင်ခြင်း (၂၅) နှစ်ပြည့် နှင့် ဖူချင့် ကွန်ဖြူးရှပ် စင်တာ တည်ထောင်ခြင်း (၁၀) နှစ်...
ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၉ ခုနှစ် မတ်လ အတွင်း ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရီယာ့ဒ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံက ထိန်းသိမ်းထားသည့် ဆော်ဒီတက်ကြွလှုပ်ရှားသူများကို ညှင်းပန်းနှိပ်စက်ခြင်းမရှိကြောင်း နိုဝင်ဘာ ၂၃ရက်တွင် ငြင်းဆန်ခဲ့သည်။