Connect with us

Local

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပမည်

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်စဉ်(ဓာတ်ပုံ-DICA)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၉ ခုနှစ် မတ်လ အတွင်း ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ချင်းပြည်နယ် အတွင်းရှိ ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအကြား အလားအလာ ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖိုရမ်ကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ဖိုရမ် နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်ရုံးချုပ်၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ DaNa Facility မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)