Connect with us

Africa & Middle East

ထိန်းသိမ်းထားသည့် တက်ကြွလှုပ်ရှားသူများကို ဥပဒေနှင့် မညီ ညှင်းပန်းနှိပ်စက်ခြင်းမရှိကြောင်း ဆော်ဒီအာရေဗျ ငြင်းဆန်

ဆော်ဒီအာရေဗျနိုင်ငံရှိ အကျဉ်းထောင်တစ်ခု၏ အကျဉ်းခန်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံက ထိန်းသိမ်းထားသည့် ဆော်ဒီတက်ကြွလှုပ်ရှားသူများကို ညှင်းပန်းနှိပ်စက်ခြင်းမရှိကြောင်း နိုဝင်ဘာ ၂၃ရက်တွင် ငြင်းဆန်ခဲ့သည်။

မကြာသေးမီက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် နှင့် လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော ဆော်ဒီအာရေဗျနိုင်ငံ တွင် ထိန်းသိမ်းထားသည့် တက်ကြွလှုပ်ရှားသူများကို နှိပ်စက်ညှင်းပန်းနေသည်ဆိုသော အချက်သည် အခြေအမြစ်မရှိကြောင်း သတင်းအချက်အလက်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို Saudi Press Agency ကဖော်ပြခဲ့သည်။

ဝန်ကြီးဌာနက အဆိုပါ ထုတ်ပြန်ချက်သည် ထူးဆန်းပြီး အမည်မသိ ထုတ်ပြန်ချက်များ နှင့် အရင်းအမြစ်များအပေါ် အခြေခံထားကာ ၎င်းတို့သည် လုပ်ကြံလီဆည်ထားသော အလိမ်အညာများဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုဝင်ဘာ ၂၀ရက်တွင် “ဆော်ဒီအာရေဗျ : ထိန်းသိမ်းခံတက်ကြွလှုပ်ရှားသူများအား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများဆိုင်ရာ အစီရင်ခံစာ” အမည်ဖြင့် ထုတ်ပြန်ချက်တစ်ခုကို ဖော်ပြခဲ့ကြောင်းသိရသည်။

အဆိုပါ ထုတ်ပြန်ချက် တွင် ဆော်ဒီအာရေဗျနိုင်ငံ Dhaban အကျဉ်းထောင်၌ ၂၀၁၈ခုနှစ် မေလကတည်းက ပြစ်မှုမရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးထားသော အမျိုးသမီးများ ပါဝင်နေသည့် ဆော်ဒီအာရေဗျ တက်ကြွလှုပ်ရှားသူ အများအပြားအား စစ်ဆေးမေးမြန်းနေစဉ်အတွင်း ၎င်းတို့သည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ အခြားသော နှိပ်စက်မှုပုံစံများ နှင့် ရင်ဆိုင်နေရကြောင်းပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117