ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက်မှာ ၁,၂ဝ၉ ဦး ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း...
ဒိုဟာ ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ကာတာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၂၆ ရက် ထုတ်ပြန်ကြေညာချက် အရ ကာတာ နိုင်ငံ မှ မာလီ နိုင်ငံ အား သံချပ်ကာကား ၂၄ စင်း ထောက်ပံ့ပေး...
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁,၈၅၆.၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း ကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟောင်ကောင်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံ ဟီဟီဖိုမြို့ တောင်ဘက် ၁၃၄ကီလိုမီတာ အကွာတွင် ဒီဇင်ဘာ ၂၆ ရက် ဂရင်းနစ်စံတော်ချိန် ၁၄း၁၁း၂၁နာရီက အင်အား ၆.၀ ပမာဏ ရှိ ငလျင်ပြင်းတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ဝါဆော၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ ဝါဆောမြို့တွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့ကြောင်း ပိုလန်နိုင်ငံ မီးသတ်ဌာန (PSP) က ဒီဇင်ဘာလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဆူနာမီ ကြောင့် သေဆုံးသူဦးရေမှာ ၄ဝဝ ကျော်ရှိပြီဖြစ်ပြီး ဒဏ်ရာရရှိသူဦးရေမှာ ၁၄ဝဝ ကျော်ပြီဖြစ်ကြောင်းသိရသည်။ မီးတောင်အနီးနေထိုင်ကြသူများအနေဖြင့် ကမ်းခြေများနှင့်အဝေးတွင် နေထိုင်ကြရန်အထူးသတိပေးထားပြီး နောက်ထပ် ဆူနာမီ ဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိသည်။ ဆူနာမီဘေးသင့် အင်ဒိုနီးရှားဒေသ မြင်ကွင်းကို ဆင်ဟွာသတင်းဋ္ဌာနက သွားရောက်ရိုက်ကူးမေးမြန်းမှုများကို...
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံ က အဆင့်မြင့်နည်းပညာများကို အသုံးပြုကာ ကဏ္ဍစုံ၌ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များမှာ – တစ်နာရီလျင် ၃၅ဝ ကီလိုမီတာအမြန်နှုန်းဖြင့် ပေကျင်း- ထျန်းကျင်း အဆင့်မြင့်နည်းပညာသုံးကျည်ဆန်ရထား ကို ပြေးဆွဲခဲ့သည်။
ရှီချန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမှတ် ၃ တယ်လီကွန်းဆက်သွယ်မှု နည်းပညာ စမ်းသပ်ရေးဂြိုဟ်တု တစ်လုံးအား ဒီဇင်ဘာ ၂၅ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ရိသည် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရှာ မမ်မွတ်ကျူရက်ရှီ (Shah Mahmood Qureshi) အား ဒီဇင်ဘာလ ၂၅ ရက်က ပေကျင်းမြို့တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။