Connect with us

Politics, Law & Military

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆဟာ မမ်မွတ်ကျူရက်ရှီတို့ ဒီဇင်ဘာ ၂၅ ရက်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ရိသည် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရှာ မမ်မွတ်ကျူရက်ရှီ (Shah Mahmood Qureshi) အား ဒီဇင်ဘာလ ၂၅ ရက်က ပေကျင်းမြို့တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

၎င်းတို့သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် ဆက်စပ်သော မကြာသေးမီကဖြစ်ပွားခဲ့သည့် ပြောင်းလဲမှုများအပေါ် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ပြီး ယေဘုယျသဘောတူညီချက်တစ်ခု ရရှိခဲ့ကြသည်။ နှစ်နိုင်ငံလုံးက အာဖဂန်နစ္စတန်အရေးကိစ္စမှာ စစ်ရေးအရအဖြေရှာမှုမှတစ်ဆင့် ဖြေရှင်းနိုင်မည်မဟုတ်ဘဲ နိုင်ငံရေးပေါင်းစည်းမှုကသာ အလားအလာရှိသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ယုံကြည်ထားကြသည်။

ထို့ပြင် ဆက်စပ်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများအားလုံးကို နှစ်နိုင်ငံလုံးမှ ကြိုဆိုကြောင်းနှင့် အဆိုပါ ကိစ္စရပ်အပေါ် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရန် ဆန္ဒသဘောထားအား ဖော်ပြခဲ့သည်။

ထို့နောက် တရုတ်-ပါကစ္စတန် အားလုံးကြွယ်ဝချမ်းသာရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရန်နှင့် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုအဆင့် ပိုမိုတိုးမြှင့်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.