Connect with us

Videos

တရုတ်နိုင်ငံက ၂ဝ၁၈ ခုနှစ်အတွင်း စိုက်ထူနိုင်ခဲ့သည့်အောင်မြင်မှုမှတ်တိုင်များ

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံ က အဆင့်မြင့်နည်းပညာများကို အသုံးပြုကာ ကဏ္ဍစုံ၌ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များမှာ

– တစ်နာရီလျင် ၃၅ဝ ကီလိုမီတာအမြန်နှုန်းဖြင့် ပေကျင်း- ထျန်းကျင်း အဆင့်မြင့်နည်းပညာသုံးကျည်ဆန်ရထား ကို ပြေးဆွဲခဲ့သည်။

– ကမ္ဘာ့အရှည်ဆုံး ဟောင်ကောင်-ကျူးဟိုင်-မကာအို ပင်လယ်ကူးတံတားကိုဖွင့်လှစ်ခဲ့သည်။

– တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် ကုန်းရေ နှစ်မျိုးသွား လေယာဉ်ကြီး AG600 ကို ရေပေါ်တွင် အောင်မြင်စွာစမ်းသပ်မောင်းနှင်နိုင်ခဲ့သည်။

– အာရှတိုက်၏ အကြီးဆုံး သောင်တူးစက် Tian Kun Hao ကို ပင်လယ်ထဲတွင် စမ်းသပ်မောင်းနှင်နိုင်ခဲ့သည်။

– တန်ချိန်ပေါင်း ၃၃ဝဝဝတန် ရှိ ကြိုးတံတားအစိတ်အပိုင်းကို လွှဲယမ်းတပ်ဆင်နိုင်ခဲ့သည်။

– ပေကျင်းမြို့ လေဆိပ်အသစ်အနီးတွင် ဆောက်လက်စတံတားအစိတ်အပိုင်းကြီး ၄ပိုင်းကို လွှဲယမ်းတပ်ဆင်နိုင်ခဲ့သည်။

– တရုတ်နိုင်ငံထုတ် Rainbow fish အမည်ရ လူလိုက်ပါသည့် ရေအောက်ရှာဖွေရေးယာဉ် သည် ရေအောက် အနက် ၁ဝ၉၁၃ မီတာအထိဆင်းသက်ကာ ရေနက်ပိုင်းရှိ သဘာဝအလှအပများကိုရှာဖွေ ခဲ့သည်။

– တရုတ်နိုင်ငံ၏ ၃၅ ကြိမ်မြောက် အန္တာတိကဒေသ လေ့လာစူးစမ်းရေးလုပ်ငန်းအတွက် Xue long ရေခဲခွဲလေ့လာရေးသင်္ဘောကိုလည်း တောင်ဝင်ရိုးစွန်းအထိ မောင်းနှင်နိုင်ခဲ့သည်။

– တရုတ်နိုင်ငံတွင် Songke 2 စီမံကိန်းအဖြစ် အနက်ဆုံး မြေအောက် ၇ဝ၁၈ မီတာအထိ အပေါက်ဖောက်ကာ သိပ္ပံနည်းကျလေ့လာရေးလုပ်ငန်းများလေ့လာမှုပြုခဲ့သည်။

– ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းကိုလေ့လာနိုင်ရန်အတွက် Chang’e-4 လေ့လာရေးယာဉ်ကိုစေလွှတ်ခဲ့ကာ စကြာဝဋ္ဌာအကြောင်းကိုနက်ရှိုင်းစွာ လေ့လာရန်ကြိုးပမ်းခဲ့သည်။

– တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် အဆင့်မြင့်နည်းပညာသုံး J-10B ရဟတ်ယာဉ်ကို အောင်မြင်စွာပျံသန်းမောင်းနှင်သည့် ကြော်ငြာ video က ပရိသတ်များကိုအံအားသင့်စေခဲ့သည်။

– ကမ္ဘာ့ပထမဆုံး AI နည်းပညာသုံး သတင်းကြေညာသူကို တရုတ်နိုင်ငံတွင် ပထမဆုံးမိတ်ဆက်ပြသခဲ့သည်။

– တရုတ်နိုင်ငံတွင် နေအတုကို Electron အပူချိန်ကို သန်း ၁ဝဝ ကျော်အထိမြှင့်တင်ပြီး ဖန်တီးနိုင်ခဲ့သည်။

– ကမ္ဘာ့ပထမဆုံးပုံတူပွားနည်းပညာဖြင့် မျောက်ငယ်များကို အောင်မြင်စွာ ပုံတူပွားမွေးဖွားနိုင်ခဲ့သည်။

– တရုတ်နိုင်ငံက ကမ္ဘာ့ဆန်ဈေးကွက်ထုတ်လုပ်မှုမြင့်တက်စေရန် မျိုးစပ်စပါးစိုက်ပျိုးခြင်း စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

– တစ်နာရီလျင် အမြန်နှုန်း ၆ဝဝ ကီလိုမီတာ ဖြင့် သံလိုက်ရထားလည်း ပြေးဆွဲခဲ့သည်။

– ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာများအထိလေ့လာမှုများပြုလုပ်ခဲ့သည်။

– သန့်စင်သည့်စွမ်းအင်များထုတ်ယူရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက် မှုကိုလည်းမြှင့်တင်နိုင်ခဲ့သည်။

၂ဝ၁၈ ခုနှစ်ကို နှုတ်ဆက်ကာ လာမည့် ၂ဝ၁၉ ခုနှစ်တွင်ပိုမိုကောင်းမွန်သည့်လုပ်ငန်းများ ဆက်လက် ဆောင်ရွက် နိုင်ရန် ကြိုးပမ်းကြမည်ဖြစ်သည်။ တရုတ်နိုင်ငံက ၂ဝ၁၈ ခုနှစ်အတွင်း စိုက်ထူနိုင်ခဲ့သည့် အောင်မြင်မှု မှတ်တိုင်များကို ဆင်ဟွာ သတင်းဋ္ဌာနမှ စုစည်းတင်ပြပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.