နယူးဒေလီ ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အာသံ(Assam) နှင့် ထရီပူရ(Tripura) ပြည်နယ် နှစ်ခုတွင် အငြင်းပွားဖွယ်နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်(CAB) အပေါ်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် ၎င်းဆန္ဒပြမှုများသည် နိုင်ငံအရှေ့မြောက်ပိုင်းမေဂါလေယာပြည်နယ် (Meghalaya) သို့ ပြန့်နှံ့ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ၁၃ ရက် (ဆင်ဟွာ) သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်အလုပ် သမားလုံလောက်စွာခန့်အပ်ထားရှိရန်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်Labour Exchange Management System ဖြင့် Onlineမှ အလုပ်အကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင် ဗာဂျီရယ်လောင်ကွန်း (Vijiralongkorn) ၏ တော်ဝင်နန်းတက်ပွဲအခမ်းအနား ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၂ ရက်က ဘန်ကောက်မြို့ရှိ ကျောက်ဖယားမြစ်တစ်လျှောက်တွင် ဖောင်တော်ဖြင့် ကြီးကျယ်ခမ်းနားသော တိုင်းခန်းလှည့်လည်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ၂၀၁၉ ဗီယက်နမ်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉ဘောလုံး အသင်းနှင့် အတူ နိုင်ငံတကာ ဘောလုံးအသင်းလေးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် Air China လေကြောင်းလိုင်း ပရိုမိုးရှင်းပွဲ နှင့် ဂုဏ်ပြုဧည့်ခံပွဲ အား ရန်ကုန် မြို့ရှိ Sedona ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ခရီးသည် တစ်ဦး က...
မော်စကို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တောင်ပိုင်း Kransnodar ဒေသတွင် ဒီဇင်ဘာ ၁၁ ရက်ညက Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှား စစ်ဦးစီးချုပ်ရုံး စုံစမ်းစစ်ဆေးရေးကော်မတီက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီး မိုင်းရယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ္မတုံး ကျေးရွာအနီးတွင် တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၃ရက်(ဆင်ဟွာ) ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံအလယ်ပိုင်း Danjiankou ရေလှောင်ကန်မှ ရေကုဗမီတာပေါင်း ၅.၂ ဘီလီယံကျော်ကို တောင်မှမြောက်သို့ ရေပေးဝေဖြန့်ဖြူးမှု ပြုလုပ်ခဲ့ရာ ပေကျင်းမြို့နေပြည်သူ ၁၂ သန်းကျော်အတွက် အကျိုးပြုပေးခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဓာတုကုမ္ပဏီကြီးဖြစ်သော DuPont က ထိရောက်ပြီး ကုန်ကျစရိတ်နည်းပါးသော ဆားငန်ရေကို ရေချိုအဖြစ်ပြောင်းလဲထုတ်လုပ်နည်းစနစ်ကို တီထွင်သည့် အစ္စရေးကုမ္ပဏီ Desalitech ကို ဝယ်ယူလိုက်ကြောင်း နှစ်ဘက်ကုမ္ပဏီက ဒီဇင်ဘာ ၁၁ ရက်က ကြေညာလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ၆ဘီးယာဉ် နှင့် ဟီးနိုး အမျိုးအစား၁၂ဘီးဝါစိမ်းရောင်ယာဉ် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။