Connect with us

Economy

Air China လေကြောင်းလိုင်းဖြင့် ခရီးသွား တစ်ဦး က ခရီးအကွာအဝေး ကီလိုမီတာ ၁၀ သန်းကျော် ထိ လိုက်ပါခဲ့

၂၀၁၉ ခုနှစ် Air China လေကြောင်းလိုင်း ပရိုးမိုးရှင်းပွဲ နှင့် ဂုဏ်ပြုဧည့်ခံပွဲ အား ရန်ကုန် မြို့ရှိ Sedona ဟိုတယ် တွင် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် Air China လေကြောင်းလိုင်း ပရိုမိုးရှင်းပွဲ နှင့် ဂုဏ်ပြုဧည့်ခံပွဲ အား ရန်ကုန် မြို့ရှိ Sedona ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ခရီးသည် တစ်ဦး က Air China လေကြောင်းလိုင်းဖြင့် ခရီး အကွာအဝေး ကီလိုမီတာ ၁၀ သန်း ကျော် လိုက်ပါစီးနင်း ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး Tan Shufu ၊ မြန်မာ နိုင်ငံ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန မှ ဦးအောင်ကျော်ထွန်း နှင့် ဦးရဲကျော် ၊ လေကြောင်း ရဲဌာန မှ ဦးဇော်လင်းဦး ၊ မြန်မာအမျိုးသား လေကြောင်းလိုင်း မှ ဦးကျော်ဇေယျ ၊ YACL မှ Jose Angela နှင့် CECCM ဥက္ကဋ္ဌ လျိုယင် (Liu Ying) တို့က တက်ရောက် ခဲ့ကြသည်။

Air China လေကြောင်းလိုင်း မြန်မာ နိုင်ငံ ရုံးခွဲ အထွေထွေ မန်နေဂျာ Luo Jun က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် Air China လေကြောင်းလိုင်း ပရိုးမိုးရှင်းပွဲ နှင့် ဂုဏ်ပြုဧည့်ခံပွဲ အား ရန်ကုန် မြို့ရှိ Sedona ဟိုတယ် တွင် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် Air China လေကြောင်းလိုင်း ပရိုးမိုးရှင်းပွဲ နှင့် ဂုဏ်ပြုဧည့်ခံပွဲ အား ရန်ကုန် မြို့ရှိ Sedona ဟိုတယ် တွင် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

Air China လေကြောင်းလိုင်း မြန်မာ နိုင်ငံ ရုံးခွဲ အထွေထွေ မန်နေဂျာ Luo Jun က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် ဖြစ်ကြပြီး အနီးကပ် ကူးလူးဆက်ဆံမှုရှိကြောင်း ၊ Air China လေကြောင်းလိုင်း အနေဖြင့် ၁၉၅၆ ခုနှစ် မှ စတင်၍ တရုတ်-မြန်မာ လေကြောင်းခရီးစဉ် ကို စတင် ပျံသန်း ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးခဲ့ကာ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ပေးခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ က ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြ ံ တည်ဆောက်ရေး အား လျင်မြန်စွာ ချိတ်ဆက်နေချိန်တွင် Air China လေကြောင်းလိုင်းအနေဖြင့် ပိုမို ကြိုပမ်းဆောင်ရွက်မှု ပြုလုပ် ပြီး နှစ်နိုင်ငံ ဘက်စုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို အထောက်အကူပေးကာ ပိုမိုကောင်းမွန်သည့် အနာဂတ် အား အတူတကွ တည်ဆောက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

Air China လေကြောင်းလိုင်း က တရုတ် နိုင်ငံ ပေကျင်း မြို့ နှင့် မြန်မာ နိုင်ငံ ရန်ကုန်မြို့ တိုက်ရိုက် ပံျသန်းသည့် ခရီးစဉ် အား တစ်ပတ်လျှင် ၅ ကြိမ် ပျံသန်းပေးနေကြောင်း ၊ မြန်မာ နိုင်ငံ မှ ပေကျင်း မြို့ သို့ ပျံသန်း ပြီး ထိုမှတစ်ဆင့် ကမ္ဘာ့ နိုင်ငံပေါင်း ၄၃ နိုင်ငံရှိ မြို့ပေါင်း ၁၉၂ မြို့ သို့ ချိတ်ဆက် နိုင်ကြောင်း ၊ Air China လေကြောင်းလိုင်း ကုမ္ပဏီ သည် ကမ္ဘာ့ အင်အား အတောင့်တင်းဆုံး ကုမ္ပဏီ ၅၀၀ တွင် ပါဝင်သည့် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး လေယာဉ်သစ် အများဆုံး အသုံးပြုသည့် ကုမ္ပဏီ များထဲတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.