ပေကျင်း၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ ရှိ Olympic Park တွင်နှစ်သစ်ကိုကြိုဆိုသည့် New Year Countdown party ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတွင် ကျင်းပပြုလုပ်ခဲ့သည်။(Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်အန်းမင်ရင်ပြင်တွင် ၂ဝ၁၉ ခုနှစ် နှစ်သစ်အထိမ်းအမှတ် အလံတင် အခမ်းအနား ကို နှစ်စဉ်ကျင်းပမြဲအတိုင်း ဇန်နဝါရီလ ၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ် ခဲ့သည်။(Xinhua)
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဒီဇင်ဘာ ၃၁ ရက်တွင် နှစ်သစ်ကူးဆုတောင်းစကားပြောကြားရာ၌ နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့် “ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အောင်မြင်မှုရလဒ်ကောင်းများ ရရှိစေရေး” အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် နှစ် ၇ဝ ပြည့်အခါသမယဖြစ်သော ၂ဝ၁၉ ခုနှစ်တွင် ဝိုင်းဝန်းကြိုးပမ်းသွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်ပြည်သူများသည်...
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့ထိပ်တန်း သတင်း ၁ဝ ပုဒ် မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ -အမေရိကန်ကုန်သွယ်ရေးအခွန်တိုးမြှင့်မှုက ကဏ္ဍစုံကုန်သွယ်ရေးစနစ်ကို ထိခိုက်မှုရှိ -တရုတ်နိုင်ငံက ကမ္ဘာကြီးနှင့်အတူ ရှေ့ဆက်ရန် တံခါးဖွင့်မှုများ -ကိုရီးယားကျွန်းဆွယ်အခြေအနေတိုးတက်မှုများရှိ သော်လည်း...
ထရီပိုလီ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရအနေဖြင့် လစ်ဗျားနိုင်ငံအရှေ့ဘက်ခြမ်း အားလုံခြုံရေးတာဝန်များ ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
ဂျာကာတာ ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ်တွင် ဒီဇင်ဘာ ၃၁ ရက်က တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ယင်းနေ့ ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များအား ယခင်က အလျှင်အမြန် ရုပ်သိမ်းမည်ဟု ယူဆရသော်လည်း ဖြည်းဖြည်း ချင်းသာ ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁...
လန်ဒန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ ဗစ်တိုးရီးယားဘူတာရုံတွင် ဒီဇင်ဘာလ ၃၁ ရက်ညက ရဲအရာရှိတစ်ဦး အပါအဝင် လူ ၃ ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Mindanaoဒေသ Cotabatoမြို့ရှိ shopping mall တစ်ခု၏ဝင်ပေါက်တွင် ဒီဇင်ဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။