Connect with us

Europe

မန်ချက်စတာမြို့ရှိ ရထားဘူတာရုံတွင် လူ ၃ ဦး ဓားထိုးခံရ

မန်ချက်စတာမြို့ရှိ ဗစ်တိုးရီးယားဘူတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ ဗစ်တိုးရီးယားဘူတာရုံတွင် ဒီဇင်ဘာလ ၃၁ ရက်ညက ရဲအရာရှိတစ်ဦး အပါအဝင် လူ ၃ ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဗြိတိန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့ (BTP) က ပြောကြားရာတွင် ၎င်းတို့၏ အရာရှိများအနက် တစ်ဦးမှာ ပခုံးတွင် ဓားထိုးခံရကြောင်း၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဓားဒဏ်ရာများရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်ပြီး ခဏအကြာ ဂရင်းနစ်စံတော်ချိန် ၂၁ း ၀၀ နာရီတွင် အဆိုပါ အမျိုးသားအား ဖမ်းမိခဲ့သည်။

ထို ဘူတာအား BTP နှင့် Greater Manchester Police က ပိတ်ထားခဲ့ကြသည်။

ဗစ်တိုးရီးယားဘူတာသည် အဓိကရထားလိုင်းဘူတာနှင့် သံလမ်းရထားဘူတာတို့ ပေါင်းဆုံထားသည့်ဘူတာ တစ်ခုဖြစ်ပြီး မန်ချက်စတာမြို့လယ် မြောက်ဘက်၌ တည်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.