Connect with us

Africa & Middle East

ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရအနေဖြင့် နိုင်ငံအရှေ့ဘက်ခြမ်းတွင် ရှိသည့် လုံခြုံရေးတပ်ဖွဲများ နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်

ကုလသမဂ္ဂထောက်ခံသည့် လစ်ဗျားအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရအနေဖြင့် လစ်ဗျားနိုင်ငံအရှေ့ဘက်ခြမ်း အားလုံခြုံရေးတာဝန်များ ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ခုနှစ် တွင် ကုလသမဂ္ဂ အနေဖြင့် နိုင်ငံရေးဆိုင်ရာ ကူညီပံ့ပိုးမှု နှင့် ပတ်သက်၍ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သော်လည်း လစ်ဗျားအနေဖြင့် လစ်ဗျားနိုင်ငံ အရှေ့ပိုင်း နှင့် အနောက်ပိုင်း အစိုးရ နှစ်ခုအဖြစ် နိုင်ငံရေးသဘောထား ကွဲလွဲမှုများ ကျန်ရှိနေသေးကြောင်း သိရသည်။

ကုလသမဂ္ဂထောက်ခံသည့် လစ်ဗျားအစိုးရ ၏ ပြည်ထဲရေးဝန်ကြီး ဌာန ရှိ ဦးစီးဌာနများ နှင့် လုံခြုံရေးဆိုင်ရာ အစိုးရဌာနခွဲများ အားလုံးတို့သည် လစ်ဗျားနိုင်ငံ အရှေ့ဘက်ရှိ အစိုးရအလားတူဌာနများ နှင့် တရားဝင် ဆက်သွယ်ရန်လစ်ဗျာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဖသီဘက်ဟဂါ (Fathi Bashagha) ကခွင့်ပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လစ်ဗျားနိုင်ငံ အရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်း ရှိ အစိုးရနှစ်ခုဖက်မှ လုံခြုံရေးဆိုင်ရာ အရာရှိများ နှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နှစ်ဖက်ခြားနားသည့် အစိတ်အပိုင်းများ ၏ လုံခြုံရေးကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် လစ်ဗျားနိုင်ငံ အရှေ့ဘက်ခြမ်းတွင် ရှိသည့် ဘင်ဂါဇီမြို့ (Benghazi) တွင် တွေ့ဆုံခဲ့သည်။

၂၀၁၁ ခုနှစ်တွင် လစ်ဗျားခေါင်းဆောင် မွမ်မာဂဒါဖီ (Muammar Gaddafi’s) အစိုးရ ကျဆုံးကတည်းက လစ်ဗျားနိုင်ငံ ၌ အကြမ်းဖက်မှုများ မြင့်တက်လာပြီး နိုင်ငံရေးကွဲပြား မှုများခံစားခဲ့ရသည့်အတွက် လစ်ဗျားနိုင်ငံ ၏ လုံခြုံရေး တာဝန်ယူထားရသူများ အနေဖြင့်တိုင်းပြည်တွင် လုံခြုံရေးကောင်းမွန်စေရန် အခက်အခဲများ နှင့် ကြိုးစားရလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.