Connect with us

Videos

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်းစကားပြောကြား

ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဒီဇင်ဘာ ၃၁ ရက်တွင် နှစ်သစ်ကူးဆုတောင်းစကားပြောကြားရာ၌ နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့် “ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အောင်မြင်မှုရလဒ်ကောင်းများ ရရှိစေရေး” အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် နှစ် ၇ဝ ပြည့်အခါသမယဖြစ်သော ၂ဝ၁၉ ခုနှစ်တွင် ဝိုင်းဝန်းကြိုးပမ်းသွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ပြည်သူများသည် မိမိကိုယ်ကိုအားကိုးသူများဖြစ်ကြောင်း ၊ ကြိုးကြိုးစားစားဖြင့် စီးပွားရှာကြသူများဖြစ်ကြောင်း နှင့် ကမ္ဘာကအသိအမှတ်ပြုခံရသည့် အံ့သြဖွယ်တရုတ်နိုင်ငံကြီး ဖြစ်လာအောင် ဖန်တီးကြသူများဖြစ်ကြောင်း ၊ ပြည်သူများပေါ်တွင် အားကိုးအားထားပြု၍ တစ်ဆင့်ပြီးတစ်ဆင့်ရှေ့ဆက်နိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ၂ဝ၁၈ ခုနှစ်ဟာ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတစ်ခုကို ဖြည့်ဆည်းတဲ့ ၊ အာရုံစိုက်အလေးထားတဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါတယ်” ဟု ၂ဝ၁၈ ခုနှစ် တိုးတက်မှု အနှစ်ချုပ်မိန့်ခွန်းတွင် ရှီက ဆိုသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက “ ကျိုးကြောင်းဆီလျော်တဲ့အဆင့်တစ်ခုမှာ ရှိနေတယ်လို့မြင်မိပါတယ်” ဟု ၎င်းကဆိုသည်။

လေထု ၊ ရေ နှင့် မြေဆီ ညစ်ညမ်းမှု ကို ကာကွယ်ခြင်း နှင့် ထိန်းသိမ်းခြင်းကို ဆောင်ရွက်ပြီး ပြည်သူတို့၏ ကျန်းမာရေး အဆင်ပြေချောမွေ့စေရန် နှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဆောင်ရွက်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ပြောကြားခဲ့သည့် နှစ်သစ်ကူး ဆုတောင်းစကားအပြည့်အစုံကို အောက်ပါvideo ထဲတွင်ကြည့်ရှုနိုင်ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.