ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လူနာသစ် ၉၆၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းမှာ ငါးရက်ဆက်တိုက် ၅ ရာခိုင်နှုန်းအောက် ရှိလာနေခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ဂျီနီဗာ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ဗိုင်းရပ်စ်ရောဂါပိုး မျိုးရိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဗြိတိန်တွင် ယခုကာလများအတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပါအဝင် လက်ရှိသိရှိထားပြီးဖြစ်သည့် ဗီဇပြောင်းလဲနေသော ကိုရိုနာဗိုင်းရပ်စ်များက ဆေးဝါး၊ ကုသထုံး၊ စစ်ဆေးမှုနည်းလမ်းနှင့် ကာကွယ်ဆေး ထိရောက်မှုအပေါ်တွင် ကြီးမားသည့် သက်ရောက်မှုမရှိသေးကြောင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သယ်ဆောင်မည့် ကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်းအား ၆ ဘီးမော်တော်ယာဉ်တစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)က ယနေ့...
နယူးဒေလီ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ် စိုးရိမ်မှုများဖြစ်ပွားနေစဥ် လန်ဒန်မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာသည့် လေကြောင်းခရီးသည် ငါးဦးတွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း ဒေသတွင်း မီဒီယာက ဒီဇင်ဘာ ၂၂ ရက်၌...
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံး စာရင်းပြုစုချက်အရ နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်းကျော် အထိ ရောက်ရှိလာကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ Chang’e-5 အာကာသယာဉ်က လမျက်နှာပြင်မှ နမူနာ ၁,၇၃၁ ဂရမ်ကို ပြန်လည်ယူဆောင်လာနိုင်ခဲ့ကြောင်း တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မလေးရှားနိုင်ငံက ရရှိထားသည့် ကာကွယ်ဆေးမှာ ဘေးကင်းစိတ်ချရပြီး အစွမ်းထက်ကြောင်း ပြည်သူများကို စည်းရုံးသည့်အနေဖြင့် ၎င်းအနေဖြင့် COVID-19 ကာကွယ်ဆေး ပထမဆုံးထိုးနှံသူများအကြား ပါဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင်ယာဆင်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဟဲဖေ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး G8311ကျည်ဆန်ရထားကြီးသည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်တွင် ဟဲဖေတောင်ပိုင်းဘူတာမှ အန်းချင့်သို့ မောင်းနှင်ခဲ့ရာ ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ ဟဲဖေ-အန်းချင့်ရထားလမ်းပိုင်း တရားဝင်စတင် ဖွင့်လှစ်ပြေးဆွဲပြီဖြစ်သည်။ မြို့နှစ်မြို့အကြားသွားလာမှုမှာ အမြန်ဆုံး ၁ နာရီ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် Myanmar National League ကလပ်အသင်းအများစုသည် လာမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင်ပြောကြားသည်။
ဝန်ချန်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ အလေးချိန် အလယ်အလတ်အဆင့် တင်ဆောင်နိုင်သော Long March-8 သယ်ဆောင်ရေးဒုံးပျံသည် စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုငါးစင်းကို တင်ဆောင်လျက် ပွဲဦးထွက်ပျံသန်းမှုကို ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တရုတ် အမျိုးသား...