Connect with us

Science & Technology

တရုတ်နိုင်ငံ၏ Long March-8 သယ်ဆောင်ရေးဒုံးပျံ ပွဲဦးထွက်ပျံသန်း

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ အလေးချိန်အလယ်အလတ်တင်ဆောင်နိုင်သော Long March-8 သယ်ဆောင်ရေးဒုံးပျံအသစ်ကို ဒီဇင်ဘာ ၂၂ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဝန်ချန်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ အလေးချိန် အလယ်အလတ်အဆင့် တင်ဆောင်နိုင်သော Long March-8 သယ်ဆောင်ရေးဒုံးပျံသည် စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုငါးစင်းကို တင်ဆောင်လျက် ပွဲဦးထွက်ပျံသန်းမှုကို ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ကမ်းရိုးတန်းရှိ ဝန်ချန်း အာကာသယာဉ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ပေကျင်းစံတော်ချိန် ၁၂:၃၇ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။Long March-8 ဒုံးပျံသည် စုစုပေါင်း အလျား ၅၀.၃ မီတာ နှင့် သယ်ဆောင်သွားနိုင်သည့် ထုထည် ၃၅၆ တန်ရှိကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀ ကီလိုမီတာအကွာ နေပတ်လမ်းကြောင်းသို့ အနည်းဆုံး အလေးချိန် ၄.၅ တန်ရှိသော ကိရိယာကို သယ်ဆောင်သွားနိုင်ကြောင်း သိရသည်။

၎င်းဒုံးပျံသည် တရုတ်နိုင်ငံက နေပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်နိုင်သည့် အလေးချိန်ကို ၃ တန်မှ ၄.၅ တန်အထိ တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တုလွှတ်တင်ရေးယာဉ် အဆင့်မြှင့်တင်ရေး အရှိန်မြှင့်ခြင်းအတွက် ကြီးမားသော အရေးပါမှုတစ်ခုလည်း ဖြစ်ကြောင်း CNSA က ပြောကြားခဲ့သည်။ (Xinhua)

#China, #LongMarch-8, #Wenchang, #SpacecraftLaunchSite, #CarrierRocket, #Xinhua, #တရုတ်, #ဝန်ချန်း, #အာကာသယာဉ်လွှတ်တင်ရေးစခန်း, #သယ်ဆောင်ရေးဒုံးပျံ, #ဆင်ဟွာ

………………………………………………

China’s new carrier rocket Long March-8 makes maiden flight

WENCHANG, Hainan, Dec. 22 (Xinhua) — China’s new medium-lift carrier rocket Long March-8 made its maiden flight on Tuesday, sending five satellites into planned orbit, according to the China National Space Administration.
The rocket blasted off from the Wenchang Spacecraft Launch Site on the coast of southern China’s island province of Hainan at 12:37 p.m. (Beijing Time).
The Long March-8 rocket has a total length of 50.3 meters, with a takeoff mass of 356 tonnes. It can carry a payload of at least 4.5 tonnes to a sun-synchronous orbit at an altitude of 700 km.
The rocket fills the gap in China’s launch capability to the sun-synchronous orbit from 3 tonnes to 4.5 tonnes, and is of great significance for accelerating the upgrading of launch vehicles, according to the CNSA.

(201222) — WENCHANG, Dec. 22, 2020 (Xinhua) — China’s new medium-lift carrier rocket Long March-8 blasts off at the Wenchang Spacecraft Launch Site in south China’s Hainan Province Dec. 22, 2020. The Long March-8 made its maiden flight on Tuesday, sending five satellites into planned orbit, according to the China National Space Administration. (Xinhua/Yang Guanyu)

China’s new medium-lift carrier rocket Long March-8 blasts off from the Wenchang Spacecraft Launch Site in south China’s Hainan Province on Dec. 22, 2020. (Xinhua/Pu Xiaoxu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.