Connect with us

Sport

Myanmar National League ကလပ်အသင်းအများစု ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် စီစဉ်ထားဟု ဆို

Myanmar National League ကလပ်အသင်း ၂သင်းမှ ကစားသမားများ ယှဉ်ပြိုင်ကစားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-- Myanmar National League)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

Myanmar National League ကလပ်အသင်းအများစုသည် လာမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင်ပြောကြားသည်။

“ကျွန်တော်တို့က ပွဲစဉ်တွေ ကို ဧပြီလလောက်စဖို့မှန်းတယ်။ အသင်းအများစုက ၂ လ သို့မဟုတ် ၃ လ ကြိုပြင်ရမှာဆိုတော့ ဒါကြောင့် အသင်းအများစုကလေ့ကျင့်ဖို့ကိုဖေဖော်ဝါရီလမှာ လုပ်နိုင်ဖို့ပြင်ဆင်နေကြတာပါ’’ ဟု ဆိုသည်။ Myanmar National League ကလပ်အင်းများအနေဖြင့် COVID-19 ရောဂါအခြေအနေပေါ် မူတည်၍ လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျင်းပရန်လျာထားကြောင်းသိရသည်။

လာမည့်နှစ်ဘောလုံးရာသီ လိဂ်-၂ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် မေလမှ သြဂုတ်လအထိ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာလအထိ ကျင်းပရန်လျာထားကြောင်း သို့သော် COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ ပြိုင်ပွဲကာလများ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။
“လေ့ကျင့်ရေးတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကလည်း COVID-19 ရောဂါအခြေအနေပေါ်ပဲမူတည်နေပါတယ်။ ဖေဖော်ဝါရီလမှာ ဖြစ်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ကလပ်အသင်းများအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်’’ ဟု ဦးစိုးမိုးကျော်ကဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.