Connect with us

WORLD

ဗြိတိန်၏ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ကာကွယ်ဆေးထိရောက်မှုအပေါ် ကြီးမားသည့် သက်ရောက်မှုမရှိသေးဟု WHO ပညာရှင်များ ပြောကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၏ မြင်ကွင်းတစ်နေရာအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ဗိုင်းရပ်စ်ရောဂါပိုး မျိုးရိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဗြိတိန်တွင် ယခုကာလများအတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပါအဝင် လက်ရှိသိရှိထားပြီးဖြစ်သည့် ဗီဇပြောင်းလဲနေသော ကိုရိုနာဗိုင်းရပ်စ်များက ဆေးဝါး၊ ကုသထုံး၊ စစ်ဆေးမှုနည်းလမ်းနှင့် ကာကွယ်ဆေး ထိရောက်မှုအပေါ်တွင် ကြီးမားသည့် သက်ရောက်မှုမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ပညာရှင်များက ဒီဇင်ဘာ ၂၁ ရက်တွင် ဂျီနီဗာ ရုံးချုပ်၌ ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ ပြောင်းလဲမှုနှုန်းသည် တုပ်ကွေးဗိုင်းရပ်စ်ထက်များစွာနှေးကွေးကြောင်း၊ တုပ်ကွေးဗိုင်းရပ်စ်၏ပြောင်းလဲမှု လျင်မြန်ခြင်းကြောင့် နှစ်စဉ် နှစ်အလိုက်ဗိုင်းရပ်စ်မျိုးကွဲများအရ ကာကွယ်ဆေးကို ပြန်လည်ဆန်းစစ်ချိန်ညှိခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း WHO ထိပ်တန်း သိပ္ပံပညာရှင် Dr. Soumya Swaminathanက ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်အချို့၏ ပြောင်းလဲမှုနှင့် ရုတ်တရက်ပြောင်းလဲပုံများကို တွေ့ရှိရသော်လည်း မည့်သည့် အမျိုးအစားကမျှ ကုသဆေးဝါးနှင့် သုတေသနပြုနေသည့် ကာကွယ်ဆေးအပေါ် ကြီးမားသည့် သက်ရောက်ရှိသည်ကို မတွေ့ရှိကြောင်း ၎င်းက ဆိုသည်။

ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲမှုများကို ဆက်လက်စောင့်ကြည့်ရမည့်တစ်ချိန်တည်းမှာပင် ရောဂါပိုးပြန့်ပွားမှုနှုန်းကို လျှော့ချရန် အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ပြန့်ပွားမှု ပို၍များလာသည့်အခါ ဗီဇပြောင်းနိုင်သည့်အခွင့်အလမ်းသည် ပို၍ ကျယ်ပြန်လာကြောင်း၊ လူအများကြားတွင် အထိန်းအကွပ်မဲ့ ဗိုင်းရပ်စ်ပြန့်ပွားမှုမဖြစ်စေရန် လုပ်ဆောင်မှသာ ဗီဇရုတ်ခြည်းပြောင်းလဲနိုင်မှုနှုန်းကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

WHO ၏ အရေးပေါ်ကျန်းမာရေး အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Dr.Mike Ryanက ဗြိတိန်တွင် ထွက်ပေါ်လာသော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါပြင်းထန်မှုကို ပိုတိုးစေသည့် မည့်သည်အထောက်အထားမျှ မရှိသေးသလို ရောဂါပိုးအဆိပ်အတောက်ပိုမြင့်ခြင်း၊ ကုထုံးနည်းလမ်းများနှင့် ကာကွယ်ဆေးထိရောက်မှုကို ဖျက်ဆီးခြင်း စသည့်အထောက်အထားများလည်း မရှိသေးကြောင်း ဆိုသည်။

ယခုလ ၁၄ ရက်က ဗြိတိန်သည် WHOသို့ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးအား အစီရင်ခံခဲ့ရာ ၎င်း၏ အခြေခံ ရောဂါကူးစက်မှု ယခင်က ၁.၁ မှ ၁.၅ အထိ တိုးမြင့်လာခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ Dr.Mike Ryanက ၎င်းမှာ အနည်းငယ်သာတိုး မြင့်ခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုနှုန်းတိုးမြှင့်လာသည့်တိုင် ဟန့်တားနိုင်ဆဲဖြစ်သည်ဟု ယူဆကြောင်း ဆိုသည်။

ဗြိတိန်၏ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လက်ရှိတွင် ကိုဗစ်ရောဂါရှာဖွေစမ်းသပ်မှုအများစုကို သက်ရောက်မှုမရှိသေးကြောင်း WHOကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Dr.Maria Van Kerkhoveက ပြောကြားခဲ့သည်။
ရောဂါရှာဖွေစမ်းသပ်မှုအများဆုံးမှာ ဗိုင်းရပ်စ်ဗီဇအုပ်စု၏ ပစ်မှတ်အများအပြားကို စစ်ဆေးခြင်းဖြစ်ရာ ပစ်မှတ်တစ်ခုတည်းကို ရှာဖွေစမ်းသပ်သည့် အနည်းငယ်မျှကသာ ဗီဇပြောင်းဗိုင်းရပ်စ်ကို မစစ်ဆေးနိုင်သည့် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံအသီးသီးရှိ အစိုးရနှင့်ပြည်သူများက လက်ရှိ ဆောင်ရွက်နေကြသည့် ပြည်သူ့ကျန်းမာရေး ရောဂါတိုက်ဖျက်မှုနည်းလမ်းများဖြစ်သော ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ လူမှုဘဝဆက်ဆံရေးတွင် ခပ်ခွာခွာနေခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်ကြရန် WHO ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားထားသည်။ ၎င်းနည်းလမ်းများသည် နောက်ဆုံးဗီဇပြောင်း ဗိုင်းရပ်စ်အပါအဝင် ဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားမှုအား ထိရောက်စွာဟန့်တားနိုင်သည်ကို သက်သေထူပြီဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

——————————————
(Chinese Version)

(国际疫情)世卫专家:英国变异新冠病毒对疫苗有效性尚无重大影响

  新华社日内瓦12月21日电(记者刘曲)世界卫生组织专家21日在日内瓦总部说,尽管新冠疫情暴发以来病毒已出现数次基因突变,但包括英国近期出现的变异新冠病毒在内,目前已知变异对新冠药物、疗法、检测手段及疫苗有效性都尚未构成重大影响。
 世卫组织首席科学家苏米娅•斯瓦米纳坦在当天的记者会上说,新冠病毒的变异速度比流感病毒慢得多,后者变异之快要求每年根据当年的流行毒株对疫苗进行审查和调整。
  她说,尽管到目前为止看到了一些新冠病毒的变化和突变,但没有一种对使用中的治疗药物或在研疫苗造成重大影响。
 她强调,在持续监测病毒基因变化情况的同时,重点要降低病毒传播速度。病毒传播越多,发生变异的机会就越大。不能让病毒在人群中失去控制地传播,这样才能降低基因突变的发生率。
  世卫组织卫生紧急项目负责人迈克尔•瑞安表示,目前尚无任何证据表明在英国出现的变异新冠病毒会导致疾病的严重程度增加,也无证据表明任何变异使病毒毒性更高或使诊断方法、疫苗有效性等遭到侵蚀。
  英国于本月14日向世卫组织报告了一种新冠病毒变种,其基本传染数由之前的1.1增加到1.5。瑞安认为这只是稍有提高,即便病毒传播效率略微提高,但仍可被阻断。在流行病学中,基本传染数是指每名感染者平均可传染的人数,该数值持续低于1,疫情才可能逐渐消散。
世卫组织卫生紧急项目技术负责人玛丽亚•范凯尔克霍弗也表示,英国报告的变异新冠病毒目前还没有影响到大多数诊断性检测,因为绝大多数检测着眼于病毒基因组的多个目标,只有极少数只针对单个目标的检测才有可能受到变异影响,比如有可能检测不到变异病毒。
 世卫组织多位专家都敦促各国政府和民众继续执行现有公共卫生抗疫措施,包括戴口罩、保持手部卫生、保持社交距离等。这些措施已被证明能够有效遏制包括最新变异在内的病毒传播。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.