Connect with us

WORLD

မလေးရှားနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ပထမဆုံးထိုးနှံမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး Damansara ရပ်ကွက်၊ ဆေးရုံတစ်ရုံရှိ COVID-19 စစ်ဆေးမှုနေရာ၌ အမျိုးသားတစ်ဦးထံမှ နှာခေါင်းတို့ဖတ်ရယူနေစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မလေးရှားနိုင်ငံက ရရှိထားသည့် ကာကွယ်ဆေးမှာ ဘေးကင်းစိတ်ချရပြီး အစွမ်းထက်ကြောင်း ပြည်သူများကို စည်းရုံးသည့်အနေဖြင့် ၎င်းအနေဖြင့် COVID-19 ကာကွယ်ဆေး ပထမဆုံးထိုးနှံသူများအကြား ပါဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင်ယာဆင်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

မူဟစ်ဒင်က ၎င်း၏ ကာကွယ်ဆေးထိုးနှံခြင်းသည် ကျန်းမာရေးအတွက် ရှေ့တန်းမှဆောင်ရွက်နေသူများနှင့် မကူးစက်တတ်သောရောဂါရှိသူများနှင့် နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည်များ အပါအဝင် သက်ကြီးရွယ်အိုများကဲ့သို့ ရောဂါကူးစက်နိုင်ခြေမြင့်မားသောအုပ်စုနှင့်အတူ ဆောင်ရွက်သွားမည်ဟု ဗီဒီယိုမှတစ်ဆင့် သတင်းစကားပြောခဲ့သည်။

မူဟစ်ဒင်က ၎င်း၏အစိုးရသည် COVID-19 ကာကွယ်ဆေး ၆.၄ သန်း ရရှိရန် AstraZeneca ကုမ္ပဏီနှင့် သဘောတူလက်မှတ်ရေးထိုးထားကြောင်း၊ မလေးရှားနိုင်ငံရှိ လူဦးရေ ၁၀ ရာခိုင်နှုန်းအတွက် လုံလောက်မှုရှိကြောင်း ကြေညာခဲ့သည်။
ထို့ပြင် မလေးရှားအစိုးရအနေဖြင့် Pfizer ဆေးကုမ္ပဏီနှင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးများ တန်းတူညီမျှရရှိရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာရှေ့ပြေးဆောင်ရွက်မှုဖြစ်သော COVAX တွင် ပါဝင်ခြင်းများမှတစ်ဆင့် လူဦးရေ ၃၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး ရရှိရန် လုံလောက်မှုရှိကြောင်း နောက်ဆုံးသဘောတူညီမှု၌ ဖြည့်စွက်ဖော်ပြခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ ကာကွယ်ဆေးထုတ်လုပ်သူများ အပါအဝင် အခြားသော ကာကွယ်ဆေးထုတ်လုပ်သူများနှင့် အဆင့်မြင့်ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသား ဆေးဝါးကြီးကြပ်ရေးလုပ်ငန်း (NPRA) အနေဖြင့် ကာကွယ်ဆေးများ ရရှိပြီး အသုံးပြုပြီဆိုပါက ထိရောက်မှုနှင့် ဘေးကင်းစိတ်ချရမှုကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မူဟစ်ဒင်က ဆိုသည်။

ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ကျန်းမာရေးလုပ်ငန်းစဉ်သတ်မှတ်စံနှုန်းများ (SOP) ကို လိုက်နာကြရန်နှင့် မကြာခဏလက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူချင်းခပ်ခွာခွာနေခြင်းများကို လေ့ကျင့်ပြုလုပ်ကြရန် သတိပေးခဲ့သည်။မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၁ ရက်က COVID-19 ကူးစက်မှုအသစ် ၂၀၁၈ ခုရှိခဲ့ရာ စုစုပေါင်းရောဂါဖြစ်ပွားသူ ၉၅,၃၂၇ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………

(English Version)

Malaysian PM says to be among first to receive COVID-19 vaccine

KUALA LUMPUR, Dec. 22 (Xinhua) — Malaysian Prime Minister Muhyiddin Yassin said Tuesday that he will be among the first to receive the COVID-19 vaccine in a bid to convince people that the vaccine obtained by the country is safe and effective.

In a video message, Muhyiddin explained that his vaccination would be followed by health front liners and high-risk groups such as the elderly, those with non-communicable diseases and chronic respiratory diseases.
Muhyiddin also announced that his government had just signed an agreement with AstraZeneca to obtain 6.4 million doses of COVID-19 vaccines, enough to cover 10 percent of Malaysia’s population.
The latest agreement added to vaccines already enough to cover 30 percent of the population secured by the Malaysian government through the agreement with drug maker Pfizer and the participation in COVAX, an international initiative aimed at ensuring equitable global access to the vaccines.

He also said the government is in advanced negotiations with other vaccine providers including Chinese vaccine manufacturers to secure enough vaccines in total to cover 80 percent of the population.
According to Muhyiddin, the National Pharmaceutical Regulatory Agency (NPRA) of the Health Ministry will continue to monitor the effectiveness and safety of vaccines once they are obtained and used.
Muhyiddin also reminded people to adhere to the standard operating procedures (SOP) that have been outlined and practice frequent hand washing, wearing of face masks and maintaining physical distancing.
Malaysia on Monday reported 2,018 new COVID-19 infections, bringing the national total to 95,327. Enditem

A medical staff member takes sample from a man at a COVID-19 testing area of a hospital in Damansara near Kuala Lumpur, Malaysia, March 30, 2020. (Xinhua/Chong Voon Chung)