Connect with us

Politics, Law & Military

တောင်ကြီးမြို့သို့ သယ်ဆောင်မည့် ကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများအား တွေ့ရစဉ်(CCDAC)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သယ်ဆောင်မည့် ကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်းအား ၆ ဘီးမော်တော်ယာဉ်တစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)က ယနေ့ ထုတ်ပြန်ခဲ့သည်။

လွိုင်လင်-တောင်ကြီး ကားလမ်းအတိုင်း မူးယစ်ဆေးဝါးပမာဏအများအပြားသယ်ဆောင်လာမည်ဖြစ်ကြောင်းသတင်းအရ ဒီဇင်ဘာ ၂၁ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၆ ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသောကြောင့် လိုက်လံပိတ်ဆို့ဖမ်းဆီးစဉ် မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး မော်တော်ယာဉ်အား ယာဉ်မောင်းနှင့်အတူ ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းမော်တော်ယာဉ်ပေါ်တွင် ပန်းနှမ်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း သိမ်းဆည်းရမိခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူအား ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။အဆိုပါ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို လဲချားမြို့မှ တောင်ကြီးမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.