Connect with us

WORLD

အိန္ဒိယ လေဆိပ်သို့ရောက်ရှိလာသည့် လန်ဒန်မှလာသော လေကြောင်းခရီးသည် ငါးဦးတွင် COVID-19 ရောဂါတွေ့ရှိ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဓီနိုင်ငံတကာလေဆိပ်၌ အကာအကွယ်ဝတ်စုံ အပြည့်အစုံဝတ်ဆင်ထားသော ခရီးသည်နှစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ် စိုးရိမ်မှုများဖြစ်ပွားနေစဥ် လန်ဒန်မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာသည့် လေကြောင်းခရီးသည် ငါးဦးတွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း ဒေသတွင်း မီဒီယာက ဒီဇင်ဘာ ၂၂ ရက်၌ ဖော်ပြထားသည်။

နယူးဒေလီမြို့တွင် လေယာဉ်ဆိုက်ရောက်စဉ် စစ်ဆေးခဲ့သော ခရီးသည် ငါးဦးသည် ဒီဇင်ဘာ ၂၁ ရက်က Air India လေကြောင်းခရီးစဉ်ဖြင့် လူ ၂၆၆ ဦးနှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။“သူတို့ရဲ့ နမူနာတွေကို သုတေသနဆိုင်ရာ ရောဂါထိန်းချုပ်ရေးစင်တာသို့ လွှဲပြောင်းပေးခဲ့ပြီး သူတို့ကိုလည်း စောင့်ရှောက်ရေးစင်တာတွေကို ပို့လိုက်ပါပြီ” ဟု COVID-19 ရောဂါဆိုင်ရာ တာဝန်ရှိသူက ဒေသတွင်းရုပ်သံသို့ ပြောခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်ဖြစ်ပွားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဗြိတိန်မှ လေကြောင်းခရီးစဉ်များကို ယာယီဆိုင်းငံ့ရန် ဒီဇင်ဘာ၂၁ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ထိုသို့ဆိုင်းငံ့မှုသည် ဒီဇင်ဘာ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ခရီးစဉ်ကူးပြောင်းလေယာဉ်ခရီးစဉ်အားလုံးဖြင့် ရောက်ရှိလာသော ခရီးသည်များအနေဖြင့် လေဆိပ်၌ ဆိုက်ရောက်လျှင်ရောက်ချင်း RT-PCR စစ်ဆေးမှုကို မဖြစ်မနေလုပ်ဆောင်ခြင်း စသည့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်ကိုလည်း အိန္ဒိယ အာဏာပိုင်များက ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ၁၀,၀၇၅,၁၁၆ ဦးနှင့် သေဆုံးသူ ၁၄၆,၁၁၁ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှု ဒုတိယအဆိုးဆုံးနိုင်ငံလည်း ဖြစ်သည်။ (Xinhua)

—————————————
(English Version)

5 air passengers from London test positive for COVID-19 at Indian airport

NEW DELHI, Dec. 22 (Xinhua) — Amid rising fears over a new variant of COVID-19 virus, five air passengers arriving in the Indian capital New Delhi from London have tested positive for infection, local media reported on Tuesday.
The five passengers tested upon arrival in New Delhi were among the 266 people aboard an Air India flight on Monday.
“Their samples have been sent to the National Center for Disease Control for research and they have been sent to care centers,” a local TV quoted a nodal officer for COVID-19 as saying.
The Indian government decided on Monday to temporarily suspend flight services from Britain after reports of a new variant of COVID-19 virus there.
The suspension to start from Wednesday will last through Dec. 31.
Indian authorities have also announced a precautionary measure that passengers arriving from Britain in all transit flights taken off should be subject to mandatory RT-PCR test upon arrival at the airport.
On Tuesday morning, the health ministry said the COVID-19 cases in India have risen to 10,075,116 with 146,111 deaths.
Globally India is the second worst-hit country by the COVID-19 pandemic. Enditem

Two passengers with full protective suits are seen at the Indira Gandhi International Airport in New Delhi, India, May 25, 2020. India’s federal government has allowed domestic flights to resume from Monday. (Photo by Partha Sarkar/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.